Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Drake ကို လက်သီးစာကျွေးမယ်ဆိုတဲ့ Mike Tyson

Drake ကို လက်သီးစာကျွေးမယ်ဆိုတဲ့ Mike Tyson

| No comment


ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံကြီး Mike Tyson ဟာ သူ့လက်သီးတွေကို အသုံးမပြုရတာကြာပြီ ဖြစ်တာကြောင့် လက်ရည်ကို ပြန်စမ်းချင်နေတဲ့ ပုံပါပဲ။ သူ့သမီးကို Date လုပ်ဖို့ အစီအစဉ်တွေချလာနိုင်တဲ့ ရက်ပ်အဆိုကျော် Drake ကို ပေါ်ပေါ်တင်တင်ပဲ သတိပေးလိုက်တာပါ။ ကျွန်တော့်ရဲ့ သမီးအရွယ်ရောက်ရင် သူ့ကို  Date လို့ ရပါပြီ ဒါပေမယ့် ကျွန်တော့်ရဲ့ ရယ်စရာ ခြိမ်းခြောက်မှုကိုတော့ ခံရလိမ့်မယ်လို့ ပြောလိုက်တာပါ။


သူ့ရဲ့ အသက်ခြောက်နှစ်အရွယ် သမီးငယ်ဟာ တင်းနစ်အားကစားနည်းကို ထူးချွန်နေပြီး လာမယ့်အနာဂတ်မှာ Serena William လို လက်စွမ်းမျိုးဖြစ်လာမယ့်သူလို့ ထင်ကြေးတွေပေးနေကြပါတယ်။ သူ့သမီးဟာ မြို့တွင်း ချန်ပီယံရှစ်နှစ်ခုကိုတောင် ဆွတ်ခူးထားနိုင်ပြီလို့ သိရပါတယ်။ သူနဲ့ မိတ်ဆွေတွေဖြစ်တဲ့ Drake ဟာ အခုလောလောဆယ်မှာ တင်းနစ်အကျော်အမော် Serena William နဲ့ သတင်းတွေကြီးနေတာကြောင့် Tyson က သူ့ကို နောက်ပြောင်ပြောကြားလိုက်တာပါ။


ဒါ့ကြောင့် အနာဂတ်မှာ  Serena William လက်သစ်ဖြစ်လာမယ့် သူ့သမီးကိုတော့ Date ချင်ရင် အနည်းဆုံး ခြိမ်းခြောက်မှုတစ်ခုတော့ ခံရလိမ့်မယ်လို့ Mike Tyson က နောက်ပြောင်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ