ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရပ်ပ်ပါ Fett Wap ဟာ နယုဂျာစီပြည်နယ်မှာရှိတဲ့ ရှော့ပင်းမောလ်ကို သွားခဲ့ပြီး ပရိသတ်တွေကို ပိုက်ဆံကြဲပေးခဲ့ပါတယ်။ တွေ့မြင်ခဲ့ရသူတွေဟာလည်း အရမ်းကို ဟစ်အော် ပျော်ရွှင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ပီတာဆန် မြို့သား ရပ်ပ်ပါ Fetty Wap ဟာ စနေနေ့က ပါရာမက်စ်မှာရှိတဲ့ ဂါးဒင်းစတိတ်ပလာဇာ မော မှာ လမ်းလျှောက်လျှက် ပိုက်ဆံတွေကြဲနေတဲ့ ဗီဒီယိုဖိုင်တွေဟာ လူမှုမီဒီယာတွေမှာ တက်လာခဲ့ပါတယ်။
သူဟာ သူ့သမီးနဲ့ ဈေးဝယ်ထွက်ရတာပျော်ခဲ့တဲ့အတွက် ပရိသတ်တွေကို ကန်ဒေါ်လာ ၂၀၀၀ ကို ကြဲခဲ့တာဖြစ်ကြောင်း Twitter မှာ ပို့စ်တင်ခဲ့ပါတယ်။ "လိုအပ်တဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပါ" လို့ သူက tweet လုပ်ခဲ့ပါတယ်။
Fetty Wap ရဲ့ နာမည်ရင်းကတော့ Willie Maxwell ပါ။ သူဟာ 'Trap Queen' အပါအဝင် ပေါက်တဲ့သီချင်းတော်တော်များများနဲ့ နှစ်ပိုင်းအတွင်း အောင်မြင်ခဲ့တဲ့ ရပ်ပ်ပါ တစ်ယောက်ပါ။
သူ့နာမည် 'Fetty Wap' ကိုပဲပေးထားတဲ့ ပွဲဦးထွက်အယ်လ်ဘမ် 'Fetty Wap' ဟာ Billboard 200 မှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: AP