Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Frozen ဇာတ်ကားထဲက Snowman ဖြစ်ခဲ့တဲ့ Taylor Swift

Frozen ဇာတ်ကားထဲက Snowman ဖြစ်ခဲ့တဲ့ Taylor Swift

| No comment

အမေရိကန်နိုင်ငံမှာ နယ်လှည့်ဖျော်ဖြေနေတဲ့ Taylor Swift ဟာ အမေရိကန်မြေရဲ့ နောက်ဆုံးဖျော်ဖြေပွဲမှာ နာမည်ကျော် Frozen ဇာတ်ကားထဲက Snowman လို ဝတ်ဆင်ပြီး နာမည်ကျော် Let It Go သီချင်းကို Idina Menzel နဲ့ တွဲဖက်ဖျော်ဖြေမှုတွေ ပြုလူပ်ခဲ့တယ်လို့ သိရပါတယ်။  Raymond James အားကစားကွင်းထဲက လူငါးသောင်းကျော်ရှေ့မှာ သူမဟာ Halloween အတွက် ဒီလိုပုံစံနဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဒီလို ဝတ်ဆင်ပြီး တွဲဖက်ဖျော်ဖြေပေးမယ်လို့ Idina Menzel ကတောင် မထင်ထားခဲ့ဘဲ အံ့သြခဲ့ရတယ်လို့ သိရပါတယ်။ Shake It Off  သီချင်းနဲ့အောင်မြင်ခဲ့သူ Taylor ဟာ ဒီလို ထူးခြားတဲ့ ပုံစံတွေကို ဝတ်ဆင်လေ့မရှိတာကြောင့် အားလုံးက သု့ပုံစံကို အံ့သြခဲ့ကြတာပါ။Menzel ကတော့ Frozen ဇာတ်ကောင် Elsa လိုမျိုး ဂါဝန်ကို ဝတ်ဆင်ထားခဲ့ပြီး Taylor က Snowman လေးဖြစ်ခဲ့တာကြောင့် သူတို့ ဖျော်ဖြေမှုဟာ အရမ်းကို လိုက်ဖက်ညီခဲ့တာပါ။


သူမဟာ တွစ်တာအကောင့်မှာတော့  Halloween အတွက်သာ ဒီလိုပုံစံ ဝတ်ဆင်ခဲ့တာ ဖြစ်တယ်လို့ တင်ထားခဲ့တာပါ။ သူမဟာ1989 အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေကို ပြုလုပ်နေပြီး အမေရိကန်မြေမှာတော့ ပြီးဆုံးခဲ့ပါပြီ။ သူမဟာ အခုဆိုရင် အာရှ ဖျော်ဖြေရေးခရီးစဉ်ကို စတင်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာတော့ သြစတေးလျနိုင်ငံကို သွားရောက်ဖျော်ဖြေပြီး နယ်လှည့် ဖျော်ဖြေမှုတွေကို အဆုံးသတ်သွားမယ်လို့ သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror