လတ်တလော နာမည်ကြီးနေတဲ့ မော်ဒယ်လ် မလေး Gigi Hadid ဟာ ဟက်ကာ အဖွဲ့တစ်ဖွဲ့ရဲ့ ပစ်မှတ် ဖြစ်လာပြီး ဟက်ကာအဖွဲ့က အခိုင်အမာဆိုခဲ့တာကတော့ သူတို့အနေနဲ့ Gigi Hadid ရဲ့ iPhone အတွင်းရှိတဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေကို ဖြန့်ချီ သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ထို ဟက်ကာအဖွဲ့က တရားဝင်ပြောကြးခဲ့တာတော့ Gigi Hadid က သူတို့တောင်းတဲ့ ပိုက်ဆံကိုမပေးရင် Victoria's Secret အမှတ်တံဆိပ် ရဲ့ နတ်သမီး တစ်ပါးဖြစ်နေတဲ့ သူမရဲ့ iCloud အတွင်းမှာ ရှိတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယို တွေကို ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ခြောက်လှန့်ထားပါတယ်။
ဒါ့အပြင် ဟက်ကာတွေက ကာယကံရှင် ဆီက တောင်းဆိုတဲ့ ပိုက်ဆံ မရခဲ့တဲ့အခါမှာ Gigi Hadid ရဲ့ ဓါတ်ပုံတွေကို မီဒီယာတွေဆီ ရောင်းချသွားဦးမယ်လို့ လည်း ခြောက်လှန့်ထားပြန်ပါတယ်။
Gigi Hadid ဘက်ကတော့ တောင်းဆိုတဲ့ ပိုက်ဆံပေးသွားဖို့ အစီအစဉ်မရှိပဲ သူမအနေနဲ့ တရားဥပဒေ ကြောင်းအရ ရင်ဆိုင်သွားမှာ ဖြစ်ညပီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး ကုမ္မဏီကို ငှားရမ်းပြီး တရားခံကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအရ တာဝန်အရှိဆုံးကတော့ Apple ကုမ္မဏီ ဖြစ်နေပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : TMZ