Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Halloweenမှာ ကလေးတွေနဲ့အတူ ကုန်ဆုံးခဲ့ကြတဲ့Mariah Carey နဲ့ Nick Cannon

Halloweenမှာ ကလေးတွေနဲ့အတူ ကုန်ဆုံးခဲ့ကြတဲ့Mariah Carey နဲ့ Nick Cannon

| No comment


Mariah Carey နဲ့ Nick Cannon တို့ဟာ သူတို့ကလေးတွေအတွက် Halloween မှာ အတူတွေ့ဆုံ ဆင်နွှဲခဲ့ကြပါတယ်။

၄၅နှစ်အရွယ် နာမည်ကျော်အဆိုတော်နဲ့  ၃၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသားတို့ဟာ သူတို့ရဲ့ ၄နှစ်သား အမွှာမောင်နှမဖြစ်တဲ့ သမီးလေး Monroe နဲ့ သားလေး Morrocan တို့နဲ့ အတူတူရှိနေခဲ့ကြတာဖြစ်ပါတယ်။ Carey က စုန်းမလိုဝတ်ဆင်ထားပြီး Cannon က Hulk, Monroe နဲ့ Morrocan တို့ကတော့ Batgirl နဲ့ Batman တို့လို အသီးသီးဝတ်ဆင်ပြီး Holloween ပါတီဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

Instagram မှာ Carey က “ ကလေးတွေနဲ့ အတူ ပျော်ရွှင်ရတဲ့အချိန် #halloween “ လို့ ရေးသားထားပြီး “ မိသားစု စုံညီပွဲတော် #Ncredible Hulk Halloween!” လို့ Cannon က ထပ်ပြီးရေးသားဖော်ပြခဲ့ပါတယ်။
Carey က Beverly Hills ကစံအိမ်ကြီးကို  ငှားရမ်းပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ကျင်းပခဲ့ကြပြီး ညနေပိုင်းမှာတော့ ရည်းစားဖြစ်သူ James Packer နဲ့အတူ ပါတီပွဲဆင်နွှဲခဲ့ပါသတဲ့။

ပွဲကိုတက်ရောက်ခဲ့တဲ့ စုံတွဲတစ်တွဲကတော့ “ Mariah နဲ့ Nick တို့ဟာ တစ်ယောက်နဲ့တစ်ယောက် တရင်းတနှီးရှိကြပြီး အဆင်ပြေနေကြတယ်” လို့ E! News ကို ပြောပြသွားခဲ့ပါတယ်။ အတွင်းရေးသိသူတစ်ဦးကတော့ Cannon တစ်ယောက် Packer ပါတီပွဲကိုရောက်မလာခင် ပြန်သွားခဲ့ကြောင်း TMZ သတင်းဌာနကို ပြောပြထားပါတယ်။


Carey နဲ့ Cannon တို့ဟာ ၂၀၀၈ ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၁ ဧပြီမှာတော့ Monroe နဲ့ Morrocan တို့ကို မွေးဖွားခဲ့ကြတာပါ။ လပေါင်းအတော်ကြာ ခွဲနေကြပြီးနောက်၂၀၁၄ ဒီဇင်ဘာမှာတော့ နှစ်ဦးသားလမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို အမွှာလေးတွေနဲ့အတူ ပြီးခဲ့တဲ့ Easter ပွဲတုန်းကတည်း အတူတွေ့ခဲ့ရပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Upi