Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ISIS အဖွဲ့ အကြောင်းရေးသားတဲ့ ဆောင်းပါးမှာ Zayn Malik ရဲ့ ဓါတ်ပုံကို မှားယွင်းစွာ ဖော်ပြ

ISIS အဖွဲ့ အကြောင်းရေးသားတဲ့ ဆောင်းပါးမှာ Zayn Malik ရဲ့ ဓါတ်ပုံကို မှားယွင်းစွာ ဖော်ပြ

| No comment



One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ ဒီတစ်ပတ်အတွက်ထုတ်လုပ်တဲ့ Huffington Post သတင်းဌာန ရဲ့ ISIS အစွန်းရောက်အဖွဲ့အကြောင်းရေးထားတဲ့ ဆောင်းပါးမှာ သူ့ရဲ့ ဓါတ်ပုံကို ယူသုံးခံလိုက်ရပါတယ်။

Zayn Malik ရဲ့ ပရိတ်သတ်တွေကလည်း သူ့ရဲ့ ဓါတ်ပုံကိုယူသုံးတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြသလို သူတို့ကြိုက်တဲ့ အဆိုတော်တစ်ယောက်ကို အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေတယ်လို့ ပြောကြားခဲ့တဲ့အတွက်လည်း ဒေါသထွက်ခဲ့ကြရပြန်ပါတယ်။ Hollywood Life သတင်းဌာနဲ့ ဖော်ပြချက်အရတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Huffington Post မဂ္ဂဇင်းက Zayn Malik ရဲ့ ဓါတ်ပုံကို ဖယ်ရှားပေးခဲ့တဲ့အပြင်Twitter ကတဆင့် အခုလိုတောင်းပန်ခဲ့ပြန်ပါတယ်။

"မူရင်းဓါတ်ပုံနဲ့ ပတ်သက်ပြီး ကျွန်ုပ် တို့တောင်းပန်ပါတယ်။ Zayn Malik ဟာ စတိုရီထဲမှာ ပါဝင်တာပဲရှိတာပါ။ ISIS ရဲ့ အစိတ်အပိုင်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး" လို့ Tweet ထဲမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

အမှန်တစ်ကယ်တော့ ထို ဆောင်းပါးကိုရေးသားတဲ့ စာရေးဆရာ Jason Linkins က ISIS အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အနောက်တိုင်းမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ မွတ်ဆလင် မဟုတ်သူတွေကို ရန်တိုက်ပေးနေတဲ့အသွင်နဲ့ရေးရာမှာ မွတ်ဆလင်တစ်ယောက်ဖြစ်တဲ့ Zayn Malik ကို ဥပမာ ပေးဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာ တွေတက်ခဲ့ကြပြီးတဲ့နောက်မှာတော့ Zayn Malik ရဲ့ နာမည်ကိုပါ ဆောင်းပါးထဲကနေ ဖယ်ရှားခဲ့တာကို တွေ့ရပါတယ်။

Zayn Malik ကတော့ သူ့ရဲ့ ဘာသာရေး အခြေအနေနဲ့ပတ်သက်ပြီး Fader သတင်းဌာန နဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ ဘာလွှမ်းမိုးမှု မှမရှိပဲ သူ့ဘ၀ကိုသာ သူနေထိုင်ဖို့ကြိုးစားနေတာ ဖြစ်တယ်လို့ဆိုထားပါတယ်။

"ကျွန်တော်ဟာ သာမန်လူသား တစ်ယောက်အနေနဲ့ ကျွန်တော့်ဘာသာကို ကိုးကွယ်ပါတယ်။ အခြားလူတွေ လုပ်တဲ့အတိုင်းပဲ သာမန်အလုပ်တွေကို ကျွန်တော် လုပ်ပါတယ်။ဒါပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှာ ဘာသာရေး ထုတ်ပြန်ချက်တွေနဲ့ တစ်ခုခုအောက် မှာ အလွှမ်းမိုးခံမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကျွန်တော်ပါပဲ ကျွန်တော့်အလုပ်ပဲ ကျွန်တော်လုပ်နေတာပါ" လို့ Zayn Malik က ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse