Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jamie Chung နဲ့ Bryan Greenberg တို့ Santa Monica မှာ လက်ထပ်

Jamie Chung နဲ့ Bryan Greenberg တို့ Santa Monica မှာ လက်ထပ်

| No comment


မင်းသမီး Jamie Chung ဟာ မင်းသားတစ်လက်ဖြစ်တဲ့ Bryan Greenberg နဲ့ Santa Barbara မှာရှိတဲ့ El Capitan Canyon မှာ ဒီပိတ်ရက်က လက်ထပ်လိုက်ပြီဖြစ်ပါတယ်။

Us Weekly အဆိုအရ သူတို့စုံတွဲဟာ သောကြာနေ့က ၁၉၈၀ နှစ်များက ဂန္တ၀င်ရုပ်ရှင်ကားဖြစ်တဲ့ Back to the Future ဇာတ်ကားထဲက သရုပ်ဆောင်တွေအတိုင်း ၀တ်ဆင်ပြီး Halloween ပါတီကိုကျင်းပပြီး နောက်နေ့ စနေနေ့မှာ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ကြတာ ဖြစ်ပါသတဲ့။

Chaung ဟာ ၃၂ နှစ်ရှိပြီဖြစ်ပြီး Greenberg ကတော့ ၃၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Already Tomorrow in Hong Kong ဇာတ်ကားအပါအ၀င် ရုပ်ရှင်သုံးကားမှာ အတူတူသရုပ်ဆောင်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်က စပြီး ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။


သူတို့ရဲ့ စေ့စပ်ပွဲကို ၂၀၁၃ ခုနှစ်က ကြေညာခဲ့ပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref: Upi