Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , John Lennon အသုံးပြုခဲ့တဲ့ Gibson အမျိုးအစားဂစ်တာကို ဒေါ်လာ ၂.၄၁ သန်းနဲ့ ရောင်းချခဲ့

John Lennon အသုံးပြုခဲ့တဲ့ Gibson အမျိုးအစားဂစ်တာကို ဒေါ်လာ ၂.၄၁ သန်းနဲ့ ရောင်းချခဲ့

| No comment




ကမ္ဘာကျော် Beatles တီးဝိုင်းရဲ့  ရှေ့  ထွက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ John Lennon အစောပိုင်းက အသုံးပြုခဲ့တဲ့ ဂစ်တာ တစ်လက်ကို ဒေါ်လာ ၂.၄၁ သန်း နဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

Gibson အမှတ်တံဆိပ် J-160E အမျိုးအစား Acoustic ဂစ်တာ တစ်လက် ဟာ နှစ်ပေါင်း ၄၀ ခန့် ပျောက်ဆုံးနေခဲ့ပြီး  ဒေါ်လာ ၈သိန်း ခန့်နဲ့ ၃ ကြိမ်လောက် အရောင်းအ၀ယ် ဖြစ်ပြီးနောက်မှာမှ အခုလို Julien တိုက်ရိုက် လေလံ ၀က်ဘ်ဆိုက် က တစ်ဆင့် စနေနေ့မှာ ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဝယ်ယူသူကတော့ အမည်မဖော်လိုသူ အဖြစ် ဆက်လက် ရှိနေပြီး ထို ရောင်းချမှုဟာ ဂီတသမိုင်းရဲ့  တစ်စိတ်တစ်ဒေသ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

John Lennon ဟာ ထို ဂစ်တာကို ၁၉၆၂ ခုနှစ် ၊ စက်တင်ဘာလတုန်းက လီဗာပူးမှာ ရှိတဲ့ Rushworths Music House မှာ  ဒေါ်လာ ၄၅၀ နဲ့ ၀ယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ 

Beatles အဖွဲ့ ရဲ့  ကျော်ကြားခဲ့တဲ့ Love Me DoPlease Please Me စတဲ့ သီချင်းတွေကိုလည်း ထို ဂစ်တာနဲ့ Lennon ကိုယ်တိုင် ရေးခဲ့တာဖြစ်သလို Beatles အဖွဲ့  ရဲ့  ပထမဆုံး အယ်လ်ဘမ် ၂ ချပ်အတွက်လည်း ထို ဂစ်တာနဲ့ အသံဖမ်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို လေလံပွဲမှာ အခြားရောင်းချခဲ့တဲ့ အရာတွေကတော့ Nirvana အဖွဲ့ရဲ့  MTV Unplugged ဖျော်ဖြေပွဲမှာ Kurt Cobain ရဲ့  အစိမ်းရောင် သိုးမွေး ရင်ကွဲ အကျီင်္ကို ဒေါ်လာ ၁၃၇၅၀၀ နဲ့ ရောင်းချခဲ့ပြီး Elvis Presley ရဲ့ ရွှေရောင် သစ်ရွက်ပုံစံ စန္ဒယားကို ဒေါ်လာ ၆၀၀,၀၀၀ ခန့်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI