Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber နဲ့ Ariana Grande တို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ခံစားချက်မရှိတဲ့ Selena Gomez

Justin Bieber နဲ့ Ariana Grande တို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ခံစားချက်မရှိတဲ့ Selena Gomez

| No comment


အဆိုတော်မလေး Selena Gomez ဟာ သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ့  Justin Bieber ဟာ အခြားနာမည်ကျော် အဆိုတော်မလေး Ariana Grande နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေ ကျင်းပဖို့ စီစဉ်နေတဲ့အပေါ်မှာ ဘာစိုးရိမ်မှုမှ မရှိပါဘူးလို့ သိရပါတယ်။


Justin Bieber နဲ့ Ariana Grande တို့ ပူးပေါင်းပြီး ဖျော်ဖြေပွဲများစွာ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အပေါ်မှာ ဘာစိတ်ခံစားချက်မှ မရှိဘူးလို့ သိရပါတယ်။  Justin Bieber နဲ့  Selena တို့လမ်းခွဲခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ  Justin က သူ့ရဲ့ 'Believe' အယ်လ်ဘမ်အတွက် ဖျော်ဖြေပွဲတွေကို တခြား အဆိုတော်မလေး Ariana Grande နဲ့ ပူးပေါင်းဖျော်ဖြေဖို့ ကြိုးစားနေတာပါ။


အဆိုတော်မလေး Ariana Grande ဟာလည်း အခုလောလောဆယ်မှာတော့ single တစ်ယောက်ဖြစ်နေသေးတဲ့အတွက် Selena Gomez က မနာလိုမှုတွေ ဖြစ်နေနိုင်တယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒါ့အပြင် Bieber ရဲ့ အယ်လ်ဘမ်သစ်မှာလည်း Ariana က ပါဝင်ထားလို့ သူတို့နှစ်ယောက်ကြား ဇာတ်လမ်းတွေ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေခဲ့ကြပါတယ်။ Selena ဟာ Bieber ရဲ့ ဂီတလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပေးနေတဲ့သူတွေကို ပိတ်ဆို့ထားချင်တဲ့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။


 ပြီးတော့ Bieber ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အခြားအဆိုတော်တွေ ပါဝင်ကူညီမှာ မဟုတ်ဘူးလို့လည်း သူုမက ယုံကြည်နေတယ်လို့ သိရပါတယ်။ဒီသတင်းတွေဟာဆိုရင် အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်တွေကနေ ထွက်ပေါ်လာပြီး Selena က စိုးရိမ်စိတ်တွေ ရှိတယ်ဆိုတာလည်း မသေချာသေးပါဘူး။ Justin Bieber နဲ့ Ariana Grande တို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကလည်း စဉ်းစားဆဲ အဆင့်ထဲမှာပဲ ရှိသေးပြီး Selena ကတော့ သူမရဲ့ အယ်လ်ဘမ်သစ် Revival အတွက် ဖျော်ဖြေပွဲတွေလုပ်ဖို့ အလုပ်ရှုပ်နေတယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : aceshowbiz