Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber နဲ့ Selena Gomez တို့ ပြန်ပေါင်းထုပ်နေကြပြီလား???

Justin Bieber နဲ့ Selena Gomez တို့ ပြန်ပေါင်းထုပ်နေကြပြီလား???

| No comment




ဒီတစ်ပတ်တော့ စားသောက်ဆိုင်တစ်ခုကနေ အတူထွက်လာတဲ့ Justin Bieber နဲ့ Selena Gomez တို့ရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အံ့သြသွားမိမှာပါ။

The Sober သီချင်းရဲ့ အဆိုတော် ကောင်မလေး Selena Gomez ဟာ သူမရဲ့ ချစ်သူဟောင်း Justin Bieber နဲ့အတူ ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့အိန်ဂျလိစ် မြို့က စားသောက်ဆိုင်တစ်ခုကနေ သောကြာင်္နေ့ညနေတုန်းက အတူတူထွက်လာကြာတာကို တွေ့လိုက်ရပါတယ်။

Selena ဟာ Justin Bieber ရဲ့ ခါးကိုကိုင်ထားပြီး လူတွေရှုပ်ထွေးနေတဲ့ လမ်းပေါ်မှာ ထိန်းကျောင်းပေးနေပုံပါ။ သူတို့ ၂ ယောက်ဟာ နှစ်ပေါင်းများစွာ ပြတ်လိုက် ဆက်လိုက်နဲ့ တွဲလာခဲ့ရာကနေပြီး American Music Awards ဆုပေးပွဲမှာ အတူတကွတွေ့ရ ဖို့ကိုလည်း ပရိတ်သတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။

ပရိတ်သတ်တစ်ယောက်ကလည်း ဒါကို သူ့ရဲ့ Twitter စာမျက်နှာမှာ "ငါထင်တယ်ငါဟာ AMA ဆုပေးပွဲအတွက် စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အခုတော့ ငါဟာ Justin နဲ့ Selena တို့ကို ကော်ဇောနီ ပေါ်မှာ စုံတွဲ အနေနဲ့ ပြန်လည်တွေ့ချင်နေပါတယ်။" လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ "ငါ့ရဲ့ ရည်းစားဟောင်းကို တွေ့ရမှာထက် Justin နဲ့ Selena တို့ရဲ့ စုံတွဲပုံ ပြန်တွေ့ရမှာကို ပိုပြီး စိတ်ဝင်စားမိပါတယ်" လို့လည်း ရေးသားထားပါသေးတယ်။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ AMA ဆုပေးပွဲမှာ သူတို့ ၂ ယောက်ဟာ စုံတွဲ ပွဲတက်ခဲ့ခြင်းမရှိပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror