Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နေထိုင် မကောင်းဖြစ်ခဲ့တဲ့အတွက် စာအုပ် မိတ်ဆက်ပွဲ ကို ဖျက်သိမ်းလိုက်ရတဲ့ Khloe Kardashian

နေထိုင် မကောင်းဖြစ်ခဲ့တဲ့အတွက် စာအုပ် မိတ်ဆက်ပွဲ ကို ဖျက်သိမ်းလိုက်ရတဲ့ Khloe Kardashian

| No comment




Keeping Up With The Kardashians အစီအစဉ်ရဲ့ ဖြစ်ရပ်မှန် ကြယ်ပွင့် တစ်ဦးဖြစ်တဲ့ Khloe Kardashian ဟာ နေထိုင် မကောင်းဖြစ်ခဲ့တဲ့အတွက် သူမရဲ့ စာအုပ်ဖြစ်တဲ့ "Strong Looks Better Naked" ဆိုတဲ့ စာအုပ်အတွက် လက်မှတ်ရေးထိုးပွဲ ကို ဖျက်သိမ်းလိုက်ရပါတယ်။

သူမရဲ့ ဆရာဝန်က သူမကို လက်မှတ်ရေးထိုးပွဲ မတက်ရောက်ဖို့ အကြံပေးလာတဲ့အခါမှာ Khloe Kardashian က သူမစီစဉ်ထားတဲ့ လက်မှတ်ရေးထိုးပွဲကို ဖျက်သိမ်းလိုက်ပြီး သူမရဲ့ ပရိတ်သတ်တွေကိုလည်း Twitter က တစ်ဆင့် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

"အရုပ်ကလေးတို့! ငါ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို ငါ့အနေနဲ့ အချိန်ဇယားပြုပြင်ဖို့လိုအပ်တဲ့အတွက် အရမ်းကိုတောင်းပန်ပါတယ်။ ငါဖျားနေပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ငါ့အနေနဲ့ ဘာမှားနေလဲ မသိရခင်မှာ ငြိမ်ငြိမ်ဆိမ်ဆိမ် နေဖို့ လိုအပ်နေပါတယ်" လို့ Khloe က Tweet ရေးသားခဲ့ပါတယ်။

E! သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ဖြစ်ရပ်မှန် ကြယ်ပွင့် Khloe ဟာ များသောအားဖြင့် ဖျားနာမှုတွေကို ကုသမှု ခံယူလေ့မရှိခဲ့ပါဘူး။ သတင်းအရင်းအမြစ်တစ်ဦးကလည်း "Khloe ဟာ ဖျားနာခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ရောင်ရမ်းနာကျင်မှုတွေကို ခံစားခဲ့ရဖူးပါတယ်။ သူ့မှာ ကူးစက်ရောဂါတစ်ခုလည်း ရှိပြီး သူမ အနေနဲ့ ကုသမှု ခံယူ ဖူးခြင်းမရှိသေးပါဘူး။

Khloe Kardashian ဟာ သူမရဲ့ခင်ပွန်း ဘတ်စကတ်ဘော အကျော်အမော် Lamar Odom တစ်ယောက် မူးယစ်ဆေးလွန်ကဲမှု ကြောင့် ဆေးရုံတက်နေခဲ့စဉ်က စပြီး စိတ်ဖိစီးမှု များစွာ ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ Lamar Odom နဲ့ ကွာရှင်းဖို့ စီစဉ်နေခဲ့ပေမယ့် မကြာသေးမီကပဲ ကွာရှင်းဖို့အတွက် Lamar Odom ရဲ့ ကျန်းမာရေး ပြန်ကောင်းသည်အထိ စောင့်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အခြား ဘတ်စကတ် ဘော အကျော်အမော် တစ်ယောက် ဖြစ်တဲ့ James Harden နဲ့ တွဲနေဆဲပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse