Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်မှုအကြောင်း ဖွင့်ဟပြောကြားလာတဲ့ Kim Kardashian

အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်မှုအကြောင်း ဖွင့်ဟပြောကြားလာတဲ့ Kim Kardashian

| No comment




Kim Kardashian က မကြာသေးခင်ကပဲ သူ့ရဲ့ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်မှုအကြောင်း ဆရာဝန်တွေက သားကလေးမွေးတဲ့အခါ သားအိမ်ထုတ်ပစ်ရနိုင်ချေများတယ်လို့ ဆိုကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် နာမည်ကျော်စတားဟာ ဒီဇင်ဘာလမှာ မွေးဖွားမှာဖြစ်ပြီး သူ့ရဲ့စိုးရိမ်မှုတွေကို တနင်္လာနေ့မှာ ထုတ်ဝေမယ့် E!News ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

 “ ဒီကိုယ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်မနည်းနည်းပိုပြီး စိတ်လှုပ်ရှားထိတ်လန့်နေပါတယ် ဘာလို့လည်းဆိုတော့ ကျွန်မမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ချို့ကြောင့်ပါ” လို့ သူကဆိုပါတယ်။

Kardashian က ၂၀၁၃ ခုနှစ် သမီးလေး North ကိုလည်း အချင်းချက်ကြိုး အနေအထားမမှန်တာကြောင့် ခက်ခက်ခဲခဲမွေးခဲ့ရတာဖြစ်ပါတယ်။ အဆိုတော် Kanye နဲ့သူ့ရဲ ဒုတိယမြောက်ရင်သွေးလေးကို မွေးတဲ့အခါမှာလည်း အန္တရာယ်များမယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ ၀က်ဘ်ဆိုဒ်မျာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သားလေးမွေးပြီးနောက်ပိုင်း သားအိမ်ထုတ်ပစ်ရနိုင်ချေ ရှိကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi