လမ်းခွဲလိုက်ပြီလို့ ကြေညာပြီး နောက်တစ်နေ့ တနင်္ဂနွေနေ့မှာပဲ Kylie Jenner နဲ့ Tyga တို့ နှစ်ယောက် အပြင်ထွက်လည်ခဲ့ကြပါသတဲ့။
၁၈ နှစ်အရွယ် နာမည်ကျော်စတားနဲ့ ၂၆ နှစ် ရက်ပါတို့ဟာ Justin Bieber ရဲ့ American Music Awards ဂုဏ်ပြုပွဲပါတီမှာ နှစ်ဦးသားလက်တွဲပြီး တက်ခဲ့ကြတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ရက်နေ့ Tyga ရဲ့မွေးနေ့မှာပဲ ဒီစုံတွဲက လမ်းခွဲလိုက်ကြပြီလို့ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။ Jenner ကတော့ ဒီကောလဟာလနဲ့ပတ်သက်ပြီး “ လူတိုင်း သာသာယာယာနေဖို့ လိုအပ်ပါတယ်” လို့ စနေနေ့က ရေးသားဖော်ပြခဲ့ပါသေးတယ်။
“ ဒီလို လမ်းခွဲကြတာ ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဖြစ်နိုင်ဘူး။ Kylie နဲ့ Tyga တို့ဟာ အသက်ကွာခြားမှုရှိတဲ့အတွက် သူတို့ ဆက်ဆံရေးမှာ နည်းနည်းတော့ ဖိအားတွေရှိပါတယ်။ Tyga က အဖေတစ်ယောက်ဖြစ်တဲ့အပြင် Kylie ထက် ပိုပြီး ဆက်ဆံရေးအများအပြားလည်း ရှိဖူးတာပဲလေ” လို့ ရင်းနှီးသူတစ်ဦးက E!News ကို ပြောပြသွားပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi