Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lamar Odom အတွက် မွေးနေ့လုပ်ပေးခဲ့တဲ့ Khloe Kardashian

Lamar Odom အတွက် မွေးနေ့လုပ်ပေးခဲ့တဲ့ Khloe Kardashian

| No comment



Khloe Kardashian ဟာ Lamar ကို ပြတ်စဲကွာရှင်းပြီးပြီလို့ ဆိုထားပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ Lamar Odom ရဲ့ ၃၆ နှစ်မြောက်မွေးနေ့ကို သူကိုယ်တိုင်စီစဉ် ကျင်းပပေးခဲ့ပါတယ်။ သူမကို မစွန့်လွတ်နိုင်တဲ့ စိတ်နဲ့ ကိုကိန်းအလွန်အကျွံ သုံးစွဲပြီး ကိုမာရောဂါကို ခံစားခဲ့ရသူ Odom အတွက် စိတ်သက်သာရာရအောင် Khloe က အခုလို ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။ 

 
မွေးနေ့ပါတီကိုတော့ Lamar Odom ရဲ့ လူနာခန်းနားက သီးသန့်ခန်းလေး တစ်ခုမှာ ပြုလုပ်ပေးခဲ့တာပါ။ ပါတီမှာ မွေးနေ့ကိတ်တစ်လုံး ၊ ပူဖောင်းအနည်းငယ်နဲ့ လူတစ်ချို့သာ ပါဝင်ခဲ့ပြီး Lamar ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့ အစီအစဉ်သာ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာဝန်တွေကလည်း Lamar ဟာ တုံ့ပြန်မှုစွမ်းရည် အားနည်းနေသေးတာကြောင့် အာရုံမနောက်စေအောင်လည်း လူအနည်းငယ်နဲ့ပဲ ပြုလုပ်ခွင့်ပြုခဲ့တာပါ။


 Lamar Odom ရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ NBA အကျော်အမော် Kobe Bryant ကလည်း သူ့အတွက် မွေးနေ့လက်ဆောင်တစ်ခုကို ပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ကိုမာရောဂါ ခံစားနေရတဲ့ Lamar အနေနဲ့ သူ့ရဲ့ အိပ်မက်ဆိုးတွေကနေ အမြန်လွန်မြောက်လာပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Aceshowbiz