အာရှ တစ်ဝှမ်းက မိန်းကလေးတို့ရဲ့ အသည်းစွဲ ကိုရီးယား မင်းသား Lee Min Ho ဟာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ မှာ စကားပြော ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
F4 ဇာတ်လမ်းတွဲ ရဲ့ ခေါင်းဆောင်မင်းသားဖြစ်ခဲ့သူ Lee Min Ho ဟာ တောင်ကိုရီးယား နိုင်ငံ Kyung Hee တက္ကသိုလ်မှာရှိတဲ့ Grand Peace နန်းတော်က Minoz Mansion မှာ စကားပြောဖျော်ဖြေပွဲ ပြုလုပ်သွားမှာ ဖြစ်ပြီး ကျင်းပပြုလုပ်မယ့် အချိန်ကတော့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၆ ရက် ည ၈ နာရီမှာ ဖြစ်တယ်လို့ သူ့ရဲ့ အေဂျင်စီ Starhaus က ကြေညာခဲ့ပါတယ်။
"ဒါဟာ လီမင်ဟို အတွက် ၂ နှစ်တာအတွင်း ပထမဆုံး ပြန်လည် ကျင်းပတဲ့ ကိုရီးယားနိုင်ငံက ဖျော်ဖြေပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ နှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။ သူ့ရဲ့ စကားပြော ဖျော်ဖြေပွဲမှာ သူ ၂၀၁၅ တုန်းက မပြောပြလိုက်ရတဲ့ ဇာတ်လမ်းတွေနဲ့ ၂၀၁၆ မှာ သူမျှော်လင့်ထားတဲ့ အကြောင်းအရာတွေကို တင်ဆက်သွားမှာပါ" လို့လည်း သူ့ရဲ့ အေဂျင်စီက ရေးသားထားပါတယ်။
Lee Min Ho ဟာ စကားပြော ဖျော်ဖြေပွဲ အပြင် သီချင်း သီဆိုဖျော်ဖြေမယ့် စတိတ်ရှိုးတွေလည်းရှိနေပါတယ်။ ထို စတိတ်ရှိုးတွေအတွက်လည်း သူ့ရဲ့ Fan Club ဖြစ်တဲ့ Minoz မှာ စတင်ရောင်းချနေပြီ လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : ALLKPOP