Lil
Wayne ရဲ့ မိုင်ယာမီအိမ်တော်ကြီးကို ရဲတွေ ဝင်ရောက်စီးနင်းကာ အဖိုးတန်ပစ္စည်းတွေကို
သိမ်းယူသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
သီးသန့်ဂျက်လေယာဉ်
ကုမ္ပဏီကို ပေးစရာရှိတဲ့ ကန်ဒေါ်လာ ၂သန်းတန် တရားရှုံးမှုအတွက် လက်နက်ကိုင်ရဲတွေက Lil Wayne ပိုင်ပစ္စည်းတွေကို လာရောက်သိမ်းဆည်းခဲ့တာပါ။
Lil
Wayne မှာ ကန်ဒေါ်လာ သန်း ၃၀ တန်တဲ့ပစ္စည်းတွေရှိတဲ့အတွက် ပစ္စည်းတချို့ကိုပဲယူပြီး ရဲတွေက
ထွက်သွားတယ်လို့ဆိုပါတယ်။ အခင်းဖြစ်ပွားရာကို ရဟတ်ယာဉ်တစ်စင်း ကနေ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့
အာဏာပိုင်တွေက ပစ္စည်းတွေကို လော်ရီကားပေါ်တင်နေတာကို တွေ့ခဲ့ရပါတယ်။
TMZ ဝဘ်ဆိုဒ်က
ရယူနိုင်ခဲ့တဲ့ တရားရုံးအမိန့်စာ မိတ္တူအရဆိုရင် မိုင်ယာမီဒိတ်ခရိုင် ငြိမ်ဝပ်ပိပြားရေးအရာရှိကို
လိုအပ်ပါက တံခါးသော့တွေကို ဖျက်ဝင်နိုင်တဲ့
အခွင့်အာဏာပေးထားကြောင်း သိရပါတယ်။
Lil
Wayne ရဲ့ မှတ်ချက်တစ်စုံတရာရဖို့အတွက်ကို Mirror ကနေဆက်သွယ်ခဲ့တယ်လို့လည်း သိရပါတယ်။
( Skyler
)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref:
Mirror