ရက်ပ် အဆိုတော် Lil Wayne ထုတ်လုပ်တဲ့ Trukfit အ၀တ်အစား ကုမ္မဏီဟာ သူတို့ရဲ့ ဓါတ်ပုံမော်ဒယ်လ် ရဲ့ တရားစွဲဆိုခြင်းကို ခံလိုက်ရပါတယ်။ သူမ အနေနဲ့နောက်လည်း Lil Wayne ရဲ့ ကုမ္မဏီ နဲ့ အလုပ်တွဲမလုပ်လိုတော့ဘူးလို့ ဆိုထားပါတယ်။
Shanise Taylor ဟာ Lil Wayne ကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ တုန်းက ဓါတ်ပုံရိုက်ကွင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ပေးခဲ့တာ မှန်ကန်ကြောင်း ၀န်ခံထားပါတယ်။ သူမဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ် တစ်ယောက်လည်း မဟုတ်ပဲ ဓါတ်ပုံဆရာ တစ်ယောက် က သူမကို ထို ဓါတ်ပုံတွေ ပို့ပေးလိုက်တဲ့အခါမှာ အလုပ်ကိစ္စ ပြီးစီးသွားပြီလို့ မှတ်ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ သူမဟာ သူမရဲ့ ဓါတ်ပုံကို Trukfit ကုမ္မဏီ က ထုတ်လုပ်တဲ့ တီရှပ် တစ်ထည်ပေါ်မှာ တွေ့လိုက်ရပြီး ပိုမိုဆိုးရွားတာက Trukfit ကုမ္မဏီ ဟာ သူမရဲ့ ဓါတ်ပုံကို အောက်ခံဘောင်းဘီ မပါတဲ့အသွင် ပြန်လည် ပြင်ဆင်ထားတာကိုပါတွေ့လိုက်ရတာပါ။
Shanise Taylor က တရားစွဲဆိုတဲ့ အမှုတွဲ ထဲမှာ ဖော်ပြခဲ့တာကတော့ သူမအနေနဲ့ Lil Wayne ရဲ့ ကုမ္မဏီကို သူမရဲ့ ဓါတ်ပုံကို အသုံးပြုခွင့်မပေးထားသလို သူမရဲ့ ဓါတ်ပုံကို ပြန်လည် ပြုပြင် ခွင့်လည်း မပေးထားဘူးလို့ ထည့်သွင်းရေးသားထားပါတယ်။
Taylor ဟာ မိုင်ယာမီက Mase Lara ဆိုတဲ့ ရှေ့နေကုမ္မဏီ ကို ငှားရမ်းခဲ့ပြီး Lil Wayne ကို တရားစွဲဆိုခဲ့တာပါ။ သူမ ဘက်က အခိုင်အမာဆိုခဲ့တာကတော့ သူမဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ထို တီရှပ်တွေကိုလည်း လုံးဝပျောက်ကွယ်သွားစေလိုပါတယ်တဲ့။ ဒါ့အပြင် သူမရဲ့ ထိခိုက်နစ်နာမှု အတွက် လျော်ကြေးငွေ လိုချင်တယ်လို့လည်း ဆိုထားပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : TMZ