Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပါရီအကြမ်းဖက်မှု အတွက် စင်ပေါ်ကနေ ၀မ်းနည်းခြင်းစကား ဆိုခဲ့တဲ့ Madonna

ပါရီအကြမ်းဖက်မှု အတွက် စင်ပေါ်ကနေ ၀မ်းနည်းခြင်းစကား ဆိုခဲ့တဲ့ Madonna

| No comment





ဂန္တ၀င် ပေါ့ပ်အဆိုတော် Madonna ဟာ ပါရီအကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်တစ်နေ့ ဆွီဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သူမရဲ့ ဖျော်ဖြေပွဲအတွင်း သူမအနေနဲ့ စိတ်မကောင်းဖြစ်နေတဲ့ ပရိတ်သတ်တွေကို သီဆိုဖျော်ဖြေပြရတာ အပြစ်ရှိသလို ခံစားရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထို ဖျော်ဖြေပွဲမှာတော့ ဂန္တ၀င် တေးရေးတေးဆို Madonna က နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပါရီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းကာ ပရိတ်သတ်တွေကို တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ Billboard သတင်းဌာန က ဖော်ပြထားပါတယ်။

အသက် ၅၇ နှစ်အရွယ် အဆိုတော် Madonna ဟာ စတော့ဟုန်းမြို့မှာရှိတဲ့ Tele 2 Arena မှာ ဖျော်ဖြေသီဆိုနေစဉ်မှာ သူမရဲ့ ဖျော်ဖြေမှုကို ရပ်နားလိုက်ပြီး လူ ၁၂၉ ယောက်သေဆုံးကာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဖြစ်ရပ်အတွက် ခံစားမှုပြင်းထန်တဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"မနေ့ညကဘာဖြစ်ခဲ့တယ်ဆိုတညကို မမေ့နိုင်သလိုဒီဖျော်ဖြေပွဲကို ပြုလုပ်ရတာလည်း ကျွန်မအတွက် အရမ်းခက်ခဲပါတယ်။ဒါကြောင့်ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး အချိန်ယူပြောပြချင်ပါတယ်။မနေ့ညက ပါရီမှာ ဖြစ်ခဲ့တာဟာ တန်ဖိုးရှိတဲ့ဘ၀ကို အဆုံးသတ်လိုက်တဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ဆုံးရှုံးမှုများခဲ့တဲ့ သတ်ဖြတ်ကြံစည်မှုပါ။ ဒါဟာ ဒီလူတွေဘာလိုချင်လဲဆိုတာကိုပြတာပါ။ ဒီလူတွေက ကျွန်မတို့ကို ပါးစပ်ပိတ်နေစေချင်တယ်။ တိတ်ဆိတ်နေစေချင်တယ်။ ဒါပေမယ့် ကျွန်မတို့ခွင့်မပြုပါဘူး။ကျွန်မတို့ချစ်တာကို ကျွန်မတို့လုပ်နေခြင်းအား ရပ်တန့်ဖို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ အခွင့်အရေး မရှိပါဘူး။" လို့ Madonna က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse