Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Malibu ကမ်းခြေကနေအိမ်တစ်လုံးကို တစ်ည ဒေါ်လာ ၁ သောင်းနဲ့ ငှားရမ်းထားတဲ့ Mariah Carey

Malibu ကမ်းခြေကနေအိမ်တစ်လုံးကို တစ်ည ဒေါ်လာ ၁ သောင်းနဲ့ ငှားရမ်းထားတဲ့ Mariah Carey

| No comment



ပေါ့ပ် အဆိုတော်မလေး Mariah Carey ဟာ Airbnb ကုမ္မဏီ ရဲ့ အကောင်းဆုံး ဈေးဝယ်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူမဟာ လက်ရှိမှာ Airbnb ကုမ္မဏီ က ငှားရမ်းပေးနေတဲ့ Malibu ကမ်းခြေက နေအိမ်တစ်ခုကို ငှားရမ်းထားပြီး ထို နေအိမ်ဟာ သူမရဲ့ အရင်နေအိမ်လိုပဲ ဈေးနှုန်းမြင့်မားနေတာကိုလည်း တွေ့ရပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရတော့ Mariah Carey ဟာ မာလီဘူး ကမ်းခြေက ပင်လယ် ဘက်မျက်နှာမူထားတဲ့ အကောင်းစား ဇိမ်ခံနေအိမ်မှာ နေထိုင်နေပါတယ်တဲ့။ ထိုနေအိမ်ဟာ အိပ်ခန်း ၅ ခန်းပါဝင်ပြီး မကြာခင်ထွက်ပေါ်လာမှာဖြစ်ပြီး Mariah Carey ကိုယ်တိုင် ဒါရိုက်တာ လုပ်ရိုက်ကူးနေတဲ့ Hallmark Christmas ဆိုတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းမှာ အသုံးပြုမယ့် အိမ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Mariah Carey ဟာ Hallmark Christmas ရုပ်ရှင်အတွက် ဟောလီးဝုဒ်မှာရှိတဲ့ Beacher's Madhouse မှာလည်း တစ်ချို့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးထားပါသေးတယ်။ သူမရဲ့ အရင်အိမ်လိုပဲ အခုငှားရမ်းထားတဲ့ Malibu ကမ်းခြေကနေအိမ်ဟာလည်း တစ်ညကို ဒေါ်လာ ၁ သောင်းကျသင့်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ထိုကမ်းခြေနေအိမ်ဟာ Mariah အတွက် ယာယီ သာ နေထိုင်ဖို့ ဖြစ်ပြီး လက်ရှိမှာတော့ Mariah ဟာ သူမရဲ့ အလွန်တရာချမ်းသာ တဲ့ ဘီလျံနာ ချစ်သူ James Packer ရဲ့ Beverly Hills ကနေအိမ်မှာ အတူနေထိုင်နေတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ