အဆိုတော်မလေး Mariah Carey နဲ့ ချစ်သူ ဘီလျံနာ James Packer တို့ဟာ သူတို့ရဲ့ အချစ်ရေး ကို နောက်တစ်ဆင့် တက်လိုက်ကြပါပြီ။ အဆိုတော်မလေး Mariah ဟာ ချစ်သူ ဘီလျံနာ ရဲ့ Beverly Hills ကနေအိမ် ကို ပြောင်းရွှေ့နေထိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမ ဟာ သူမရဲ့ အိမ်ကိုတော့ လက်မလွှတ်သေးပါဘူး။
E! News သတင်းဌာနကို အသိတစ်ယောက်က ပြောပြခဲ့တာကတော့ "Mariah ဟာ Packer ရဲ့ အိမ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အိမ်ကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ သူတို့ စုံတွဲဟာ အချိန်များစွာ ကို အတူတကွ ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် အတူတူ နေထိုင်ဖို့ စိတ်ကူးရခဲ့ပုံပါပဲ"။
Mariah Carey ဟာ သူမနဲ့ ခင်ပွန်းဟောင်း Nick Cannon နဲ့ အတူ ရရှိထားတဲ့ အသက် ၄ နှစ်အရွယ် အမြွှာ ၂ ယောက် Moroccan နဲ့ Monroe တို့ကိုပါ James Packer ရဲ့ နေအိမ်ကို ပြောင်းရွှေ့စေခဲ့တယ်လို့လည်း သိရပါတယ်။ Mariah နဲ့ Packer ဟာ တွဲခဲ့တာ ၅ လ လောက်သာရှိပါသေးတယ်။ ဒါပေမယ့်လည်း သူတို့ ၂ ယောက်ဟာ လက်ထပ်ဖို့ အထိအဆင့်သင့် ဖြစ်နေပြီလို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းထံကနေ သိရပါတယ်။
အတွင်းလူတစ်ယောက်ကတော့ "သူတို့ ၂ ယောက်ဟာ လက်ထပ်ဖို့ကိုပါ ကောင်းစွာဆွေးနွေးပြီးဖြစ်ပါတယ်။ သူတို့ ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်နေကြပါတယ်။" လို့လည်း ပြောပြထားပါတယ်။
ပြီးခဲ့တဲ့ ၅ လအတွင်း သူတို့စုံတွဲဟာ Ibiza ကျွန်း အပါအ၀င် ကယ်လီဖိုးနီးယား ပြည်နယ် Malibu ကမ်းခြေတွေမှာပါ အချိန်တူတူဖြုန်းခဲ့ကြပြီးပါပြီ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အပတ်တုန်းက Radar Online သတင်းဌာနကို အတွင်းလူတစ်ယောက် ပြောပြခဲ့တာက Mariah ဟာ တရုတ်ပြည်မှာတုန်းက James Packer က သူမကို အရမ်းချုပ်ကိုင်နိုင်ခဲ့တဲ့အတွက် ရှေ့ဆက်ဖို့ပါ စဉ်းစားနေခဲ့တယ်ဆိုတာပါပဲ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse