Maroon 5
အဖွဲ့ဟာ super bowl နဲ့ သီချင်းသီဆိုဖို့အတွက် စာချုပ်ချုပ်ဆိုတာမျိုး မပြုလုပ်ဖြစ်ခဲ့ရင်
လာမယ့် ၂၀၁၆ မှာ နယ်လှည့် ဖျော်ဖြေပွဲတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့
ရှေ့ထွက်အဆိုတော် Adam Levine က သူတို့အဖွဲ့ဟာ လာမယ့် ၂၀၁၆ မှာ မြောက်အမေရိကတစ်ဝှမ်းမှာ
နယ်လှည့်ဖျော်ဖြေမှုတွေကို ပြုလုပ်သွားမယ်လို့ အတည်ပြုပြောကြားထားတဲ့ ဗီဒီယိုတစ်ခုကို
သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။
Tove Lo,
Rock City နဲ့ Phases စတဲ့ အဆိုကျော်တွေဟာလည်း သူတို့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ ပါဝင်သီဆိုပေးသွားမယ်လို့လည်း
သိရပါတယ်။ ” အရမ်းကို ပြီးပြည့်စုံပြီး စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်။ အပြင်းထန်ဆုံး
ရှိုးပွဲဖြစ်ပါလိမ့်မယ် ” လို့ Adam Levine က ပြောပါတယ်။ ဖျော်ဖြေပွဲဟာ ၂၀၁၆ စက်တင်ဘာ
၃ ရက်နေ့ ကနေ အောက်တိုဘာ ၁၆ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မိုင်ယာမီ ၊ အော်လန်ဒို
၊ ကယ်လီဖိုးနီးယားစတဲ့ ဒေသတွေလည်း ပါဝင်အုံးမယ်လို့လည်း သိရပါတယ်။
သူတို့ဟာ
"V"
အယ်လ်ဘမ်ကို လည်း ၂၀၁၄ တုန်းက
ဖြန့်ချိထားပြီး "This Summer's Gonna Hurt Like a Motherf**ker"
ဆိုတဲ့ သီချင်းကိုလည်း နောက်ဆုံးအနေနဲ့
ထွက်ရှိထားတယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Aceshowbiz
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Aceshowbiz