Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Matt Damon ရဲ့ အိမ်ထောင်ရေးကွာရှင်းမှု ကောလာဟလ တွေ ထွက်ပေါ်နေ

Matt Damon ရဲ့ အိမ်ထောင်ရေးကွာရှင်းမှု ကောလာဟလ တွေ ထွက်ပေါ်နေ

| No comment



The Martian ဇာတ်လမ်းရဲ့ အဓိက မင်းသား Matt Damon တစ်ယောက် တော့ အိမ်ထောင်ရေး ကွာရှင်းမှု ကောလာဟလ တွေကို ရင်ဆိုင်နေရပါပြီ။

Star မဂ္ဂဇင်း ရဲ့ ပြောကြားချက်အရတော့ Damon ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ Ben Affleck ရဲ့ အိမ်ထောင်ရေး ကွာရှင်းမှု အပြီးမှာ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်းတွေက ရည်ညွှန်းထားတာတွေကတော့ Good Will Hunting ဇာတ်လမ်းရဲ့ မင်းသားလည်းဖြစ်တဲ့ Matt Damon နဲ့ သူ့ရဲ့ဇနီး Luciana တို့ဟာ အိမ်ထောင်ရေး သုခ မပြည့်ဝတဲ့ အိမ်ထောင်ရေး ကို ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။ Matt Damon နဲ့ Ben Affleck နဲ့ အတူတူ အပြင်တွေ သွားနေတာကိုလည်း Luciana က သဘောမကျဘူးလို့ ဆိုပါတယ်။

"ဒါဟာ Luciana ကို တစ်ကယ် စိတ်ကုန်စေခဲ့ပါတယ်။ သူမက Matt ကို လျှို့ဝှက်ချက်တွေရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ Ben ဟာ လည်း Matt နားမှာ ညီအစ်ကို အရင်းတစ်ယောက်လို တွယ်ကပ်နေပါတယ်။ သူမအနေနဲ့လည်း Ben ဟာ မိန်းမရှုပ်တာကို သိပြီးသားပါ။ ဒါကြောင့် Ben ရဲ့ ဆိုးရွားတဲ့ အကျင့်တွေ Matt ကို လွှမ်းမိုးလာမှာ စိုးရိမ်နေပါတယ်။" လို့ အတွင်းလူတစ်ယောက်က ပြောပါတယ်။

Matt Damon နဲ့ Luciana တို့ဟာ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေးယောက် မွေးဖွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse