Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Meghan Trainor ရဲ့ ဂုဏ်ပြုအနမ်းက ထူးဆန်းတယ်လို့ Charlie Puth ကဆို

Meghan Trainor ရဲ့ ဂုဏ်ပြုအနမ်းက ထူးဆန်းတယ်လို့ Charlie Puth ကဆို

| No comment





Charlie Puth က Meghan Trainor ရဲ့ အနမ်းက နည်းနည်းထူးဆန်းတယ်လို့ ဆိုပါတယ်။

၂၃ နှစ်အရွယ် အဆိုတော်ကတော့ အင်္ဂါနေ့က ဖြန့်ချိတဲ့ USA Today မဂ္ဂဇင်း အင်တာဗျူးမှာ ၀န်ခံသွားတာဖြစ်ပါတယ်။ Puth နဲ့  ၂၁ နှစ်အရွယ် နာမည်ကျော်အဆိုတော်တို့ဟာ တနင်္ဂနွေနေ့ American Music Awards ဖျော်ဖြေပွဲအပြီးမှာ အနမ်းပန်းတွေပွင့်ခဲ့ကြလို့ သူတို့ရဲ့ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ကြရပါသတဲ့။

“ကျွန်တော်နဲ့ Meghan တို့က သူငယ်ချင်းကောင်းတွေဖြစ်လို့ ဒီကိစ္စကို ရယ်စရာအဖြစ် ပြန်ပြောနိုင်ကြပါတယ်။ ပထမတော့ ဘုရားရေ ငါတို့ ဘာတွေ လုပ်ခဲ့ကြပါလိမ့်ပေါ့။ ကျွန်တော့မှာ ခုဆိုရင် ကျွန်တော့်ဘ၀အတွက် ရည်ရွယ်ထားတဲ့ မိန်းကလေးရှိပါတယ်။ ဒါပေမယ့် လူသိရှင်ကြား သိပ်မလုပ်ထားလို့ လူတွေကို အထင်အမြင်မလွဲစေချင်တာလည်းပါပါတယ်။” လို့ Puth က ဆိုပါတယ်။

“ကျွန်တော့် နှုတ်ခမ်းတွေက ကျွန်တော့်သူငယ်ချင်း နှုတ်ခမ်းပေါ်မှာရှိတာကို လူတွေအရမ်း ဂရုစိုက်ကြတာကို မသိခဲ့ရပါလား” လို့ ဆိုပါတယ်။ “ Megan က ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ။ ဒါကြောင့် စစချင်းတော့ နည်းနည်းတစ်မျိုးကြီးဖြစ်နေတာပေါ။ ဒါပေမယ့် ဒါက ဖျော်ဖြေရေးအတွက် လိုအပ်တဲ့အရာမို့ ထည့်လိုက်ရတာပါ” လို့လည်း ပြောသွားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi