Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လူပျောက် ကူရှာ ပေးခဲ့တဲ့ ဟောလီးဝုဒ် မင်းသားကြီး Nicolas Cage

လူပျောက် ကူရှာ ပေးခဲ့တဲ့ ဟောလီးဝုဒ် မင်းသားကြီး Nicolas Cage

| No comment



ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသားကြီး Nicolas Cage ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က Cleveland မြို့နားမှာ ဒါရိုက်တာ Paul Schrader ရိုက်ကူးတဲ့ "Dog Eat Dog" ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေစဉ်မှာ အမျိုးသားတစ်ယောက် ၀င်ရောက်လာပြီး ရိုက်ကွင်းကို နှောင့်ယှက်ကာ Nicolas Cage နားချဉ်းကပ်ကာ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ သမီးလေးကို ကူရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ အသက် ၁၅ နှစ်အရွယ် Alexis Boroviak ဆိုတဲ့ မိန်းကလေးရဲ့ ပထွေးတော်စပ်သူ Britt Ramsey ဟာ Nicolas Cage ကို ထိုမိန်းကလေးအတွက် ပြုလုပ်ထားတဲ့ လူပျောက်ကြော်ငြာ ပိုစတာ နဲ့အတူ ဓါတ်ပုံတွဲ ရိုက်ပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါမှသာ မီဒီယာ တွေရဲ့ စိတ်ပါဝင်စားမှုကို ရရှိနိုင်မှာ ဖြစ်ပြီး အာဏာပိုင်တွေကို လည်း မိန်းကလေးတစ်ယောက် ပျောက်နေတဲ့အကြောင်း သတင်းပေးပြီးသား ဖြစ်သွားလိမ့်မယ်လို့ Nicolas Cage ကို Britt Ramsey က ပြောပြခဲ့ပါတယ်။

အိုဟိုင်းယိုး ပြည်နယ် ဘရွတ်ကလင်းမြို့မှာနေထိုင်တဲ့ Alexis Boroviak ဟာ သူမရဲ့ အိမ်ကနေ ပျောက်သွားခဲ့တာ ၁၀ ရက်ရှိပြီဖြစ်ပြီး သတင်းအရစ်အမြစ်တွေရဲ့ ပြောကြားချက်အရတော့ ထို ဆယ်ကျော်သက် ကလေးငယ်ဟာ အိမ်ပေါ်ကနေဆင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။

Nicolas Cage ကတော့ လူပျောက်ကူရှာပေးဖို့ လက်ခံ ကူညီခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse