Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction အဖွဲ့ ဝင်ဟောင်း Zayn Malik က တစ်ကိုယ်တော်သီချင်းအသစ် ကို စတင်မိတ်ဆက်

One Direction အဖွဲ့ ဝင်ဟောင်း Zayn Malik က တစ်ကိုယ်တော်သီချင်းအသစ် ကို စတင်မိတ်ဆက်

| No comment



Zayn Malik ဟာ One Direction အဖွဲ့ က ထွက်ခွာပြီးနောက် ပထမဆုံးအနေနဲ့ သူ့ ရဲ့ ဆိုလိုသီချင်းအသစ် တစ်ပုဒ်ကို မိတ်ဆက်လိုက်ပါတယ်။

Zayn ဟာ သူ့ ရဲ့တစ်ကိုယ်တော်သီချင်းကို LA မှာ သွင်းနေတာဖြစ်ပြီး ယခုအခါ Fader မဂ္ဂဇင်းကနေ တဆင့် ပရိတ်သတ်ကို အမြည်းချပြလိုက်ပါတယ်။

အင်တာဗျူးမှာ Zayn ဟာ သူ့ ရဲ့အယ်လ်ဘမ်အသစ်အကြောင်း မခြွင်းမချန်ပြောခဲ့ပြီး Fader ရဲ့ အဆိုအရ ဒီအခွေမှာ မူဆလင်ဘာသာဝင်ပေါ့ပ်စတားတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပွင့်လင်းစွာပြောပြထားတဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Befour လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်သီချင်းအသစ်မှာ အပေါ်ပိုင်းအ၀တ်ဗလာကျင်းထားတဲ့ Zayn ဟာ မော်တော်ဆိုင်ကယ်တစ်စီးကို စီးလာပြီး မီးပုံဘေးမှာ ထိုင်နားနေတာကို တွေ့ မြင်ရပါတယ်။

“ ဂီတပိုင်းအရ ပရိတ်သတ်တွေကို ကျွန်တော်ဘယ်လို ချပြမလဲဆိုတာ သူတို့ တွေ ရိပ်မိမှာမဟုတ်ဘူးလို့  ကျွန်တော်ထင်ပါတယ်။ သူတို့ ကြားလိုက်တာနဲ့ ၊ ကျွန်တော့်ကို ပိုနားလည်နိုင်လိမ့်မယ်လို့ ခံစားရပါတယ်။ ကျွန်တော် ဘာတွေ၊ဘာကြောင့် လုပ်ခဲ့လဲဆိုတာ၊ ၀ိုင်းကနေ ဘာကြောင့်ထွက်ခဲ့လဲဆိုတာ၊ ဒီ သီချင်းကို ဘာလို့ ရေးလဲဆိုတာကိုပေါ့” လို့ Zayn Malik က ပြောပြခဲ့ပါတယ်။

“ ငါးနှစ်မက၊ ဆယ်နှစ်လောက် ဒီအယ်ဘမ်က ကျွန်တော့် ခေါင်းထဲမှာ ရှိနေပါတယ်။ ကျွန်တော့်ခေါင်းထဲကနေ ထားထားရကနေ အခု ထုတ်ဖို့ အချိန်တိုင်ပါပြီ” လို့ Zayn က ဆိုပါတယ်။

ဒီအခွေမှာ ဘောလီးဝုဒ်ရဲ့လွှမ်းမိုးမှုတွေကို တွေ့ ရမှာဖြစ်ပြီး၊ သူ့ အဖေရဲ့ ဓာတ်ပြားအဟောင်းတွေ အပြင်၊ ၉၀ ခုနှစ် နာမည်ကျော်သီချင်းတွေ၊ R & B နဲ့ Rap ဂီတ လွှမ်းမိုးမှုတွေကို နားဆင်ရာမှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror