Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂီတလောကမှ ခဏတာအနားယူပြီး ပြန်လာမယ်လို့ နောက်ဆုံးဖျော်ဖြေပွဲမှာပြောလိုက်တဲ့ One Direction

ဂီတလောကမှ ခဏတာအနားယူပြီး ပြန်လာမယ်လို့ နောက်ဆုံးဖျော်ဖြေပွဲမှာပြောလိုက်တဲ့ One Direction

| No comment


X Factor ပြိုင်ပွဲမှာ တတိယရရှိပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားလာတဲ့ One Direction အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲမှာအကြောင်းအရာတစ်ခုကို  တရားဝင်ပြောကြားလိုက်ပါတယ်။ ဒါကတော့ သူတို့ဟာ ဂီတလောကကနေ ခဏတာခွဲခွာမှာဖြစ်ပြီး မကြာခင်ပြန်ရောက်လာမှာပါလို့ ပြောလိုက်တာပါ။

 Niall Horan, Liam Payne, Harry Styles နဲ့ Louis Tomlinson စတဲ့ အဖွဲ့ဝင်တွေပါဝင်တဲ့ One Direction ဟာဆိုရင် သူတို့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Zayn Malik ဟာ ဒီနှစ်အစောပိုင်းက  အဖွဲ့ကနေ ထွက်ခွာသွားတဲ့နောက်မှာ အခုလို  ဂီတလုပ်ငန်းကနေ ခဏတာအနားယူဖို့ အကြောင်းရင်းတွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

"ကျွန်တော်တို့ အသစ်အသစ်တွေကို လုပ်ပြအုံးမှာပါ။ ကမ္ဘာအနှံ့ ဖျော်ဖြေပွဲတွေ ကျင်းပနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဂီတလောက ကနေ ခဏအနားယူရမယ်ဆိုတော့လည်း စိတ်မကောင်းဖြစ်မိပါတယ်" လို့ အဖွဲ့ဝင် Liam ကပြောပါတယ်။ " ဒီဆုံးဖြတ်ချက်ကို ချဖို့ အရမ်း ခက်ခဲခဲ့တယ်" လို့လည်း Louis က ထပ်လောင်းပြောပြခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာအနှံ့ ချပ်ရေသန်းပေါင်း ၅၀ ကျော်လောက် ရောင်းချခဲ့ရပြီး ထူးချွန်ဆုတွေလည်း တစ်ခုပြီးတစ်ခု ရယူခဲ့နိုင်ပါတယ်။

"ကျွန်တော်တို့ အဖွဲ့ပြိုကွဲတာ မဟုတ်ပါဘူး။ ဖျက်သိမ်းတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်ကိုမှလည်း ထွက်သွားမှာမဟုတ်ပါဘူး။ ခဏတာ အနားယူဖို့ ကြိုးစားတာပါလို့ " Liam  ထပ်လောင်းပြောပြခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ငါးခုမြောက်အယ်လ်ဘမ်ဖြစ်တဲ့ Made in the AM ကိုလည်း ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိဖွယ်ရှိပြီး အခုလောလောဆယ်ဖြန့်ချိထားတဲ့ Perfect တေးသီချင်းဟာလည်း  iTunes ရဲ့ နိုင်ငံခြောက်ဆယ်မှာနံပါတ်တစ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။သူတို့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲကတော့ ရှက်ဖီးမြို့မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail