Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်တစ်ကြိမ် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ Pamela Anderson

နောက်တစ်ကြိမ် အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ Pamela Anderson

| No comment



အိမ်ထောင် ၄ ကြိမ်ဆက်တိုက် မအောင်မြင်ပဲ ပြိုပျက်ခဲ့ရပြီးတဲ့နောက်မှာ ဟောလီးဝုဒ် မင်းသမီး Pamela Anderson က သူမအနေနဲ့ နောက်တစ်ကြိမ် မင်္ဂလာေ ဆာင် ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ဖွင့်ဟ ပြောပြလိုက်ပါတယ်။

အရင်တုန်းက Playboy နဲ့အလုပ်လုပ်ဖူးတဲ့ အသက် ၄၈ နှစ်အရွယ် Pamela Anderson ဟာ ပထမဆုံးအနေနဲ့ ရော့ခ်ကာ Tommy Lee နဲ့ လက်ထပ်ခဲ့ပြီး ကွာရှင်းပြီးတဲ့နောက်မှာတော့ အခြားရော့ခ်ကာ တစ်ယောက်ဖြစ်တဲ့ Kid Rock နဲ့ လက်ထပ်ခဲ့ပြန်ပါတယ်။ အဲဒီအိမ်ထောင်လည်း ပြိုကွဲခဲ့ပြီးတဲ့နောက်မှာ ရုပ်ရှင် ပရိုဂျူဆာ Rick Salomon နဲ့ လက်ထပ်ခဲ့ပြန်ပါတယ်။ Rick Salomon နဲ့ကတော့ သူမ တစ်ကြိမ် လက်ထပ်ပြီး ကွာရှင်းကာ နောက်တစ်ကြိမ် ပြန်လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။

Entertainment Tonight ဆိုတဲ့ အစီအစဉ် နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သူမက "ကျွန်မ လက်ထပ်ခြင်း ကိစ္စ ကို ထပ်လုပ်မှာမဟုတ်ပါဘူး။ ကျွန်မ လုံလောက်စွာ ပြုလုပ်ခဲ့ပြီးပါပြီ။ ကျွန်မ အသက်အရွယ် အတွက်တော့ ၊ ကျွန်မဟာ မင်္ဂလာဆောင်တာ အရမ်းများနေပါပြီ။ ကျွန်မဟာ လာမယ့် ခရစ္စမတ် မတိုင်ခင်မထိလည်း ရည်းစားထားဖို့ အစီအစဉ်မရှိပါဘူး" လို့ ၀န်ခံထားပြန်ပါတယ်။

မကြာသေးခင်ကလည်း Pamela Anderson ဟာ သူမကို Salomon ပေးထားတဲ့ စေ့စပ် လက်စွပ်နဲ့ "Baywatch" ဇာတ်လမ်းထဲက သူမ ၀တ်ဆင်ခဲ့တဲ့ နာမည်ကျော် အနီရောင် ရေကူးဝတ်စုံ တို့ကို သူမရဲ့ ရန်ပုံငွေ အဖွဲ့အစည်းအတွက် လေလံတင်ရောင်းချခဲ့ပါတယ်။

"ကျွန်မ အဲဒါတွေကို နောက်တစ်ကြိမ် ထပ်ဝတ်တော့မှာ မဟုတ်ပါဘူး။ ကျွန်မ အဲဒါတွေကို အကြိမ်အနည်းငယ်သာ ၀တ်ဆင်ထားတာပါ။" လို့ သူမက ပြောပြပါတယ်။

သူမဟာ ဒီလအစောပိုင်းတုန်းက Hepatitis C ဗိုင်းရပ်စ် ပျောက်ကင်းသွားပြီးဖြစ်တယ်လို့ လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူမဟာ ထို ဗိုင်းရပ်စ်ကို ၂၀၀၂ ခုနှစ်မှာ စတင်ခံစားခဲ့ရတာဖြစ်ပြီး သူမက အခိုင်အမာဆိုထားတာကတော့ သူမဟာ Tommy Lee နဲ့ အပ်တစ်ချောင်းကို ဝေမျှ အသုံးပြုခဲ့ဖူးတဲ့အတွက် အခုလို ဗိုင်းရပ်စ်တွေ ကပ်တွယ်လာတာဖြစ်တယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse