Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်လ အစမှာ ၇ ခွေမြောက် အယ်လ်ဘမ် ကို ထုတ်လုပ်မယ်ဆိုတဲ့ PSY

နောက်လ အစမှာ ၇ ခွေမြောက် အယ်လ်ဘမ် ကို ထုတ်လုပ်မယ်ဆိုတဲ့ PSY

| No comment



Gangnam Style ဆိုတဲ့သီချင်းနဲ့ စတင်ပြီး ကမ္ဘာကျော်လာခဲ့တဲ့ ကိုရီးယား ရက်ပ် အဆိုတော် PSY ဟာ သူ့ဘ၀ရဲ့ ၇ ခွေမြောက်တစ်ကိုယ်တော် အယ်လ်ဘမ် ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

PSY ဟာ Naver ရုပ်သံလိုင်းရဲ့ V ဆိုတဲ့အစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပါဝင်လာခဲ့ပြီး ထိုအစီအစဉ်မှာ အချိန်အကြာကြီးယူပြီးမှာ ပြန်လည်ထုတ်လုပ်တဲ့ ၇ ခွေမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်တဲ့ "7th Album Cider" ဆိုတဲ့အခွေအကြောင်းတွေကို ပြောပြထားပြီး သူ့ရဲ့ Gangnam Style သီချင်းကစတင်ပြီး အမေရိကန် ပြည်ထောင်စု အထိ နယ်မြေချဲ့ထွင်လာတဲ့ သူ့ရဲ့ ကျော်ကြားမှု တွေ အကြောင်းကိုလည်း ပြောပြထားပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာ PSY ကို မကောင်းပြောတဲ့ ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်းသူက "ရိုးသားစွာ ပြောဆိုရမယ်ဆိုရင် ၊ ကျွန်တော် အဲဒီ ကွန်မန့် တွေကို မဖတ်ဖြစ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ် ၊ ၃ နှစ်လောက်တုန်းကတော့ အွန်လိုင်းမှာ ဖတ်ဖြစ်တဲ့ ကွန်မန့်တစ်ချို့ရှိပါတယ်။ တစ်ချို့ကွန်မန့်တွေက "အဲဒါတွေကို အခုမေ့လိုက်ပါတော့" ၊ "အရင်ဘ၀ကိုပဲ ပြန်သွားလိုက်ပါ" ၊ "မင်းနဖူးမှာချွေးစိုနေတဲ့နေ့ရက်တွေကို ပြန်သွားလိုက်ပါ" အစရှိသဖြင့် ရေးသားထားကြပါတယ်" လို့ ဆိုပါတယ်။

"အဲဒီကွန်မန့်တွေကို ဖတ်ရတာတော့ ကျွန်တော်ထင်တယ် ၊ အကယ်၍ တစ်ခါမှာ ငြင်းခုံခြင်းမခံရဘူးတဲ့ လူတစ်ယောက်ဟာ ငြင်းခုံမှုတွေနဲ့ စတင်တွေ့ဆုံချိန်မှာတော့ အဲဒီလူရူးသွားတတ်ပါတယ်" လို့ PSY ကဆိုပြီး သူ့အနေနဲ့ Gangnam Style သီချင်းကနေ စတင်ရရှိခဲ့တဲ့ လူသိများမှုတွေအကြောင်းကိုဖွင့်ဟပြောပြခဲ့ပြန်ပါတယ်။

သူ့ရဲ့ ၇ခွေမြောက်တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ "7th Album Cider" ဆိုတဲ့ အခွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : All Kpop