Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ် ကျင်းပမယ်လို့ ကြေညာလိုက်တဲ့ Rihanna

ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ် ကျင်းပမယ်လို့ ကြေညာလိုက်တဲ့ Rihanna

| No comment



Rihanna တစ်ယောက် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

"Bitch Better Have My Money" သီချင်းရဲ့ အဆိုတော် Rihanna က တနင်္လာနေ့က ကြေညာခဲ့တာက သူမအနေနဲ့ မကြာခင်ထုတ်လုပ်တော့မယ့် အယ်လ်ဘမ် "ANTI" အတွက် ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်တစ်ခု ပြုလုပ်သွားမှာ ဖြစ်တယ်ဆိုတာပါပဲ။

Instagram Post တစ်ခုနဲ့အတူ Rihanna က ကြေညာခဲ့တာက သူမနဲ့အတူ သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်မှာ Travis Scott ၊ Big Sean နဲ့ The Weekend တို့လည်း နေရာတိုင်းမှာ ပါဝင်ကူညီ ဖျော်ဖြေပေးမှာ ဖြစ်တယ် ဆိုတာပါပဲ။ ထို ကြေညာမှုဟာ Rihanna နဲ့ Samsung တို့ပူးပေါင်းထားတဲ့ ဓါတ်ပုံ စီးရီးကို အမေရိကန် ဂီတ ဆုပေးပွဲအတွင်း ပြသခဲ့ပြီးတဲ့နောက်မှာမှ Rihanna က Instagram မှာ ဓါတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း Rihanna ဟာ MaRihanna အမည်နဲ့ ကော်လိုရာဒို ပြည်နယ်အတွင်း ဆေးခြောက်နဲ့ ဆက်စပ် အစားအစာ တွေကို ရောင်းချမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ Rihanna ကတော့ စီးပွားရေး သောင်းကျန်းနေပါပြီ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Huffington Post