အဆိုတော်မလေး Rita Ora ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ရက်ပ်အဆိုတော် Casyo "Krept" Johnson နဲ့ အတူ ညဘက် အပြင်ထွက်နေတာကို တွေ့ခဲ့ရပြီးတဲ့နောက်မှာ သူတို့ ၂ ယောက်တွဲခုတ်နေကြတယ်ဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်လာခဲ့ပါတယ်။
သူတို့ ၂ ယောက်ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ် အချိန်တစ်ခုကြာ ရှိနေခဲ့ကြပြီး မေလတုန်းကလည်း Rita Ora ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်း Poison မှာ အတူတကွ လက်တွဲ လုပ်ဆောင်ခဲ့ဖူးပါတယ်။ အခုတော့ သူတို့ ၂ ယောက်ဟာ တွဲနေကြပြီလို့ သတင်းတွေထွက်နေခဲ့ပါတယ်။
The Sun သတင်းဌာန ကို သတင်းအရင်းအမြစ် တစ်ဦးက ပြောပြခဲ့တာက "Rita ဟာ တစ်ကိုယ်တည်းသမား ဖြစ်နေရတာ ကို သဘောကျပါတယ်။ ဒါပေမယ့် သူမ နဲ့ Krept ကြားမှာတော့ သေချာတဲ့ ဆက်ဆံမှု တစ်ခု ရှိနေပါတယ်" လို့ ဆိုပါတယ်။
"သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် သိလာတာ ကြာခဲ့ပြီဖြစ်ပြီး ကောင်းမွန်စွာ ရှေ့ဆက်နိုင်ခဲ့ကြပါတယ်။" လို့လည်းဆိုပြန်ပါတယ်။
ဟစ်ဟော့ပ် အတွဲ အဆိုတော်တွေဖြစ်တဲ့ Krept and Konan ဆိုတဲ့ ၂ ယောာက်ထဲက ၁ ယောက်ဖြစ်တဲ့ Krept ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လန်ဒန်မြို့က Mayfair စားသောက်ဆိုင်အပြင်ဘက်မှာ လက်ချင်းတွဲထားတာ ကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ Rita Ora ဟာ Blink 182 အဖွဲ့မှ ဒရမ်သမား Travis Barker နဲ့ အချစ်ရေးကိုလည်း ဒီလ အစောပိုင်းမှာပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပြီး အခုတော့ သူမအနေနဲ့ ထူးချွန်တဲ့ ဂီတသမား တစ်ယောက် ကို ရှာဖွေတွေ့ရှိသွားပြန်ပါပြီ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror