Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမျိုးသမီး လက်ဝှေ့သမား Ronda Rousey နဲ့ ပြဿနာတွေတက်နေတဲ့ Justin Bieber

အမျိုးသမီး လက်ဝှေ့သမား Ronda Rousey နဲ့ ပြဿနာတွေတက်နေတဲ့ Justin Bieber

| No comment



နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ သမိုင်းမှာ တော့ ဒီတစ်ခေါက်ဖြစ်ပွားခဲ့တဲ့ ပြဿနာ(Beef) က မကြားဖူးခဲ့တဲ့ အရာမျိုးပါ။ အဲဒါကတော့ Justin Bieber နဲ့ Ronda Rousey တို့ကြားထဲက ပြဿနာပဲ ဖြစ်ပါတယ်။

Beef ရဲ့ အစကတော့ Rousey ဟာ Bieber ကို သူမရဲ့ ညီမဖြစ်သူအား Cannes ရုပ်ရှင်ပွဲတော် ရဲ့ ပါတီတစ်ခုမှာ ပခုံးတွေအအေးပတ်အောင် လုပ်ခဲ့တယ်ဆိုကာ အပြစ်တင်ခဲ့ခြင်းက စတင်ခဲ့ပါတယ်။ Ronda ဟာ ထို ကိစ္စနဲ့ ပတ်သက်ပြီး ဒီလ အစောပိုင်းမှာ ထပ်ပြီး မကျေနပ်သေးကြောင်း သက်သေပြခဲ့ပြန်ပါတယ်။

TMZ သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ Rousey က Bieber ကို ထပ်မံ အပြစ်တင်ခဲ့ပြန်ပါတယ်။ ထိုအင်တာဗျူး ထွက်ပေါ်အပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ Bieber ဆီက တုံ့ပြန်သံကို ကြားခဲ့ရပါတယ်။

Entertainment Tonight သတင်းဌာန နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Justin Bieber က Rousey နဲ့ ပတ်သက်ပြီး မေးမြန်းစဉ်မှာ "ကျွန်တော်ထင်တယ် ၊ သူမက သူမရဲ့ ညီမနဲ့ ပတ်သက်တဲ့ ဓါတ်ပုံ တစ်ပုံကိစ္စကို ပြောနေတာဖြစ်မယ်။ ကျွန်တော် မဟုတ်ဘူးပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်မမှတ်မိပါဘူး။ ဒါကြောင့် Ronda ရေ တောင်းပန်ပါတယ်။ ငါ့ကို ပြဿနာ မရှာပါနဲ့တော့" လို့ ပြောခဲ့ပါတယ်။

ဒါဟာ ကြားရတာ ကောင်းပါတယ်။ ယဉ်ကျေးစွာ တောင်းပန်ရင်း တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီး လက်ဝှေ့သမား တစ်ယောက်ဖြစ်တဲ့ Ronda Rousey အနေနဲ့ UFC 193 ပွဲစဉ်မှာ Holly Holm ကို ရှုံးနိမ့်ခဲ့မှု နဲ့ ပတ်သက်ပြီး "ကျွန်တော် လက်ဝှေ့မှာ ထူးချွန်ချင်ပါတယ်။ Randa Rousey ကို တွေ့ဖူးလား?သူမဟာ အေးအေးဆေးဆေး ရှုံးနိမ့်သွားတယ်။ သူမ ဆက်တိုက် အထိုးခံခဲ့ရတယ်" လို့ လည်း Justin Bieber က နောက်ပြောင်ပြောကြားခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Hollywood Gossip