Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Sandra Bullock က ချစ်သူကောင်လေး ကို သူမရဲ့ အိမ်ပေါ်ခေါ်တင်ထား

Sandra Bullock က ချစ်သူကောင်လေး ကို သူမရဲ့ အိမ်ပေါ်ခေါ်တင်ထား

| No comment



ဟောလီးဝုဒ် မင်းသမီး Sandra Bullock ဟာ ဓါတ်ပုံဆရာ Bryan Randall နဲ့ နွေရာသီ တစ်ခုလုံး တွဲလာခဲ့ပြီး တဲ့နောက် သူတို့ ၂ ယောက်ရဲ့ အချစ်ရေး ကို နောက်တစ်ဆင့် တက်လှမ်းတော့မှာပါ။

သတင်းအရင်းအမြစ်တစ်ဦးက Star မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ အသက် ၄၉ နှစ် အရွယ် Randall ဟာ Sandra ရဲ့ နေအိမ်ကို ပြောင်းရွှေ့နေထိုင်နေပြီး ထို ၈၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ Beverly Hills နေအိမ်ကြီးရဲ့ သာယာ မှုတွေကြားမှာ Randall တစ်ယောက် ပျော်ရွှင် နေတယ် လို့လည်း သိရပါတယ်။

အသက် ၅၁ နှစ်အရွယ် မင်းသမီး ဟာ သူမရဲ့ ချစ်သူကောင်လေး သူမရဲ့နေအိမ်မှာ အဆင်ပြေစေဖို့အတွက် စတိုင်ပညာရှင် တစ်ယောက် ၊ လုံခြုံရေး အသေးစိတ် နဲ့ သူမရဲ့ လူထုပြန်ကြားရေး အရင်းအမြစ်တွေကိုပါ သုံးစွဲခွင့်ပေးထားတယ်လို့ သိရပါတယ်။

အတွင်းလူတစ်ယောက်က ပြောကြားခဲ့တာကတော့ "သူ့ရဲ့ဘ၀ ဟာ မနေ့ညကပဲ ပြောင်းလဲသွားပါတယ်။ သူဟာ အသုံးအဆောင်တွေ ၊ ကားတွေ ၊ အကြွေးဈေးဝယ် ကတ် တွေအားလုံးကို သုံးစွဲခွင့်ရခဲ့ပါတယ်။" ဆိုတာပါပဲ။ Randall ဟာ Sandra Bullock ရဲ့ ၅ နှစ်အရွယ် သားငယ်လေး Louis နဲ့အတူ လည်း ပျော်ရွှင်နေပါတယ်တဲ့။

ပြီးခဲ့တဲ့ လတုန်းကတော့ Life & Style သတင်းဌာနက Bullock ဟာ Randall နဲ့ တိတ်တခိုး စေ့စပ်ထားတယ်လို့ ဖော်ပြဖူးပြီး Sandra တို့စုံတွဲဟာ Jennifer Aniston နဲ့ Justin Theroux တို့ ရဲ့ မင်္ဂလာဆောင်မှာ အတူတကွ စတင်တွေ့ရဖူးတာပါ။ အကယ်၍ သူတို့ ၂ယောက် တစ်ကယ်တမ်း လက်ထပ်ဖြစ်မယ်ဆိုရင်တော့ ဒါဟာ Sandra Bullock ရဲ့ ဒုတိယမြောက် အိမ်ထောင် ဖြစ်လာမှာပါ။ သူမဟာ မော်တော်ဆိုင်ကယ် တည်ဆောက်သူ Jesse James နဲ့ ၅ နှစ်တာ အိမ်ထောင်ရေး တစ်ခုကို ဖြတ်သန်းပြီး ၂၀၁၀ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse