Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Shakira ရဲ့ Sex Tape ထွက်လာမယ့် သတင်းဟာ အစစ်အမှန် မဟုတ်

Shakira ရဲ့ Sex Tape ထွက်လာမယ့် သတင်းဟာ အစစ်အမှန် မဟုတ်

| No comment



အဆိုတော်မလေး Shakira နဲ့ သူမရဲ့ ဘောလုံးသမား စူပါစတား ချစ်သူ Gerard Pique တို့ဟာ Sex Tape တစ်ခုမှာ ပါဝင်နေကြတယ်ဆိုတာ မဟုတ်မှန်ကြောင်း အခိုင်အမာဆိုခဲ့ကြပါတယ်။

ထို ကမ္ဘာကျော် စုံတွဲကို သူတို့ရဲ့ ၀န်ထမ်းဟောင်းတစ်ယောက်ကသူ့လက်ထဲမှာ Shakira တို့စုံတွဲရဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေပါဝင်တဲ့ ဗီဒီယို တစ်ခုရရှိထားပြီး ထိုဗီဒီယို ကို မဖြန့်ပဲ ပြန်လိုချင်ရင်တော့ ငွေကြေးအမြောက်အများနဲ့ ပြန်ရွေးရမယ်လို့ ခြိမ်းခြောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Pique ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြခဲ့တာကတော့ ဒါဟာ လိမ်လည် လုပ်ကြံမှု သက်သက်သာဖြစ်ပြီး သူတို့ ၂ယောက်မှာ အဲဒီလို ဗီဒီယို မရှိခဲ့ဖူးကြောင်း ကို အခိုင်အမာဆိုခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ အခြား နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ Karim Benzema ဟာ ပြင်သစ်နိုင်ငံမှာ ကစားဖော်တစ်ဦးရဲ့ Sex Tape ကို ခိုးယူဖြန့်ချီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတယ်လို့ သိရပါတယ်။ Benzema ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

အကယ်၍ Benzema ရဲ့ အပြစ်သာ ထင်ရှားခဲ့မယ်ဆိုရင် သူဟာ နှစ်များစွာ ထောင်ကျခံရမှာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ