ဟစ်ပ်ဟော့ပ် အကျော်ဇေယျ Snoop Dogg ဟာ မေရီဂျိန်း ကို တကယ်ချစ်တယ်ဆိုတာ ပြောပြစရာတောင် မလိုပါဘူး။ တစ်နေ့တစ်နေ့ မာရှီ ၈၁ တိုင်လောက်ကို သောက်နေတဲ့ ရပ်ပ်ပါကြီး Snoop Dogg ဟာ အခုလည်း ဆေးခြောက်ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေပါပြီ။
ထုတ်ကုန်နာမည်ကတော့ Leafs by Snoop ဖြစ်ပါတယ်။ အပွင့်လိုက်၊ ဒါမှမဟုတ် အတုံးလိုက် ရရှိနိုင်ပါတယ်။ ကယ်လီဖိုးနီးယား ဝိဖြစ်တဲ့ Cali Kush, Bananas, Purple Bush နဲ့ Blueberry Dream စတဲ့ ရနံ့တွေနဲ့ ရရှိနိုင်ပါတယ်။ ရနံ့ ၆မျိုးရှိတဲ့ ချောကလက်တောင့် တွေအနေနဲ့ ထုတ်လုပ်ထားပါတယ်။
ဒီထုတ်ကုန်တွေကို Colorado မှာရှိတဲ့ LivWell ဆေးဝါးနှင့်အပန်းဖြေ ဆေးခန်းတွေနဲ့ တခြားရွေးချယ်ထားတဲ့ လက်လီဆိုင်တွေမှာ နောက်လကစပြီး ရောင်းချပေးမယ်လို့ Snoop Dogg ကပြောခဲ့ပါတယ်။
တခြား နာမည်ကြီးတွေကတော့ ရေမွှေး၊ ဖက်ရှင် စသဖြင့် ထုတ်လုပ်ကြပေမဲ့ Snoop Dogg တစ်ယောက် မေရီဂျိန်းထုတ်ကုန်တွေကို ထုတ်ခဲ့တာဟာ ထူးဆန်းတယ်လို့တော့ ပြောလို့ရပါတယ်။
( Skyler )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Daily Mail