Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကယ်လီဖိုးနီးယားမှာ ကြက်ဆင်ပေါင်း ၁၅၀၀ ကို ဘေးမဲ့လွှတ်ဖို့ ကူညီခဲ့တဲ့ Snoop Dogg

ကယ်လီဖိုးနီးယားမှာ ကြက်ဆင်ပေါင်း ၁၅၀၀ ကို ဘေးမဲ့လွှတ်ဖို့ ကူညီခဲ့တဲ့ Snoop Dogg

| No comment



ရက်ပါအဆိုတော် Snoop Dogg ဟာ Inglewood မြို့ ၊ ကယ်လီဖိုးနီးယား ပြည်နယ် မှာ ကျင်းပခဲ့တဲ့ Forum တစ်ခု မှာ ကြက်ဆင်အကောင်ရေ ၁၅၀၀ကျော်ကို ဘေးမဲ့ပေးဖို့ ကူညီပေးခဲ့ပါသတဲ့။

မြို့တော်ဝန် James Butts က Southern California’s NBC-TV ကို “ Snoop Dogg က ဒီပွဲမှာ လူပေါင်း ၈၀၀ ကျော်နဲ့ ဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်” လို့ ပြောကြားထားပါတယ်။

“ကျွန်တော်တို့မှာ အစီစဉ်အလိုက်ထိုင်ဖို့ နေရာချထားတဲ့နေရာရှိပါတယ်။ သူကတော့ ရောက်တာနဲ့ အဲဒီမှာရှိတဲ့ သူတိုင်းနဲ့ဓါတ်ပုံတွေတွဲရိုက်ဖို့ သွားတော့တာပါပဲ။” လို့ဆိုပါတယ်။

Butts က အသက် ၄၄ နှစ်အရွယ် နာမည်ကျော်အဆိုတော်နဲ့ ပြီးခဲ့တဲ့နှစ်တွေ့တုန်းကလည်း Snoop Dogg က လူမှုအဖွဲ့အစည်းအတွက် သူတစ်ခုခုလုပ်ပေးချင်တယ်လို့ ပြောခဲ့ကြောင်းကိုလည်း ပြန်လည်ပြောပြသွားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi