Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “ Spectre “ ရုပ်ရှင်က “Harry Potter” ရုပ်ရှင်ထက် ပွဲဦးထွက်ဝင်ငွေ စံချိန်ချိုးသွား

“ Spectre “ ရုပ်ရှင်က “Harry Potter” ရုပ်ရှင်ထက် ပွဲဦးထွက်ဝင်ငွေ စံချိန်ချိုးသွား

| No comment



United Kingdom ရဲ့ စူပါလူစွမ်းကောင်း James Bond ဇာတ်ကားသစ်က အမေရိကားမှာ မပြသခင် ရုံဝင်ငွေအများဆုံးအဖြစ် စံချိန်ချိုးသွားတဲ့အတွက် Daniel Craig ကို ဂုဏ်ပြုရတော့မှာပေါ့။

Spectre ရုပ်ရှင်ဟာ UK ရဲ့ ရုံပေါင်း ၆၄၇ရုံမှာ ပြသပြီး ပထမတစ်ပတ်အတွင်းမှာပဲ UK နဲ့ Irish ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ ၆၄သန်း ရရှိခဲ့တာဖြစ်ပါတယ်။ 007 ရဲ့နောက်ဆုံးရုပ်ရှင်ဟာ ၂၀၀၄ ခုနှစ်က ရုံဝင်ငွေအကောင်းဆုံး စံချိန်တင်ခဲ့တဲ့ Harry Potter and the Prisoner of Azkaban ကို ကျော်လွန်ကာ စံချိန်ချိုးသွားခဲ့တာဖြစ်ပါတယ်။

Craig ရဲ့ Bond အဖြစ်သရုပ်ဆောင်ထားတဲ့ စတုတ္ထမြောက်နဲ့ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ဟာ Norway, Netherlands, Finland နဲ့ Denmark တို့မှာလည်း ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်ချိုးသွားကြောင်း သိရှိရပါတယ်။ ခုလက်ရှိချိန်ထိ Michael Wilson နဲ့ Barbara Broccoli က ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်ကားဟာ မြောက်အမေရိကဘက်မှာလည်း မျှော်မှန်းထားတဲ့ ရုံဝင်ငွေထက် အမြောက်အမြားပိုရရှိခဲ့လို့ အမေရိကန်ဒေါ်လာ ၈၀.၄သန်းထိ ရရှိနေပြီလို့ သိရပါတယ်။


Spectre ဇာတ်ကားရဲ့ အဖွင့်ရုံတင်ဝင်ငွေဟာ မျှော်မှန်းထားသလောက်သာ ရမယ်ဆိုရင် တစ်ကမ္ဘာလုံးရောင်းချရမှု အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁.၁ သန်းရရှိခဲ့တဲ့ Bond ရုပ်ရှင်ကား Skyfall ပြီးရင် ဒုတိယမြောက် ရုံဝင်ငွေအများဆုံး ဖြစ်လာမှာဖြစ်ပါတယ်။

( Michelle )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref: Upi