Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man မင်းသားသစ် ဖြစ်လာဖို့ အတွက် Robert Downey Jr က ကူညီပေးခဲ့ကြောင်း Tom Holland ပြော

Spider-Man မင်းသားသစ် ဖြစ်လာဖို့ အတွက် Robert Downey Jr က ကူညီပေးခဲ့ကြောင်း Tom Holland ပြော

| No comment



အသက် ၁၉ နှစ်အရွယ်၊ Spider-Man မင်းသားသစ် Tom Holland က Iron Man သရုပ်ဆောင်မင်းသား Robert Downey Jnr က လူရွေးပွဲမှာ သူ့ ကို အကြံဥာဏ်တွေအများကြီးပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ Spider Man မင်းသား Andrew Garfield ရဲ့ နေရာကို သိမ်းပိုက်ခဲ့တဲ့ Tom Holland ကို Spidey ၀တ်စုံနဲ့ အတူ Captain America:  Civil War မှာ ပရိတ်သတ်တွေ ပထမဆုံးမြင်တွေ့ ရမှာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်၊ ဗြိတိသျှလူမျိုး Tom Holland ဟာ ၀ါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Scarlett Johansson ၊ Chris Evans ၊ Robert Downey Jr တို့ နဲ့ အတူ ဒီရုပ်ရှင်ကားမှာ သရုပ်ဆောင်ရမှာဖြစ်ပြီး တခြားသရုပ်ဆောင်တွေဟာ ရှေ့ က Marvel ရုပ်ရှင်ကား သုံးလေးကားလောက်မှာ အတူတူသရုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပေမယ့် ဒီ သရုပ်ဆောင်တွေနဲ့ အသားကျဖို့ အတွက် သူ့ အနေနဲ့ လွယ်ကူခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့ တွေက တကယ်ခင်ဖို့ ကောင်းတဲ့လူတွေပါ။ ကျွန်တော့်ပထမဆုံးသရုပ်ဆောင်ရွေးပွဲကို Robert ကိုင်ခဲ့တာပါ။ သူက ဖက်လှဲတကင်းပါပဲ။ သူ့ နားကျွန်တော့်ကိုခေါ်ပြီး လူရွေးပွဲနဲ့ ပတ်သက်လို့ အကြံလေးတွေ တောင် ပေးခဲ့ပါသေးတယ်” လို့ Tom Holland က ပြန်ပြောပြပါတယ်။

Robert က ဘာအကြံတွေပေးခဲ့လဲဆိုတာ ထုတ်မပြောခဲ့ပေမယ့်၊ Tom တစ်ယောက် Spider-Man ဇာတ်ကောင်နေရာကို Robert ပေးတဲ့ အကြံဥာဏ်နဲ့ အရယူနိုင်ခဲ့ပါတယ်။

လန်ဒန်မြို့ ဖွားမင်းသားဟာ လက်ရှိမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway ၊ Keanu Reeves ၊ Daniel Radcliffe တို့ နဲ့ The Modern Ocean ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလျက်ရှိပြီး နောက်တစ်နှစ်ထဲမှာ Spider-Man ဇာတ်ကားအသစ်ကို ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail