Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သမီးဖြစ်သူ Suri နဲ့မတွေ့ရတာ ရက်ပေါင်း ၈၀၁ ရက်ရှိနေပြီဆိုတဲ့ Tom Cruise

သမီးဖြစ်သူ Suri နဲ့မတွေ့ရတာ ရက်ပေါင်း ၈၀၁ ရက်ရှိနေပြီဆိုတဲ့ Tom Cruise

| No comment



ဟောလီးဝုဒ် မင်းသား တစ်ယောက်ဖြစ်တဲ့ Tom Cruise ဟာ သူ့ရဲ့ သမီးဖြစ်သူ Suri နဲ့ မတွေ့ရတာ ၂၆ လ တိတိရှိနေပြီလို့ သိရပါတယ်။

ဒီသတင်းကို ပေးခဲ့တဲ့ သတင်းအရင်းအမြစ်တွေ ပြောပြခဲ့တာကတော့ အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသား Tom Cruise ဟာ သူ့သမီးနဲ့ မတွေ့ရတာ ရက်ပေါင်း ၈၀၁ ရက်ရှိနေပြီဖြစ်ပြီး ထွက်ပေါ်နေတဲ့ကောလာဟလ တွေကတော့ သိပ္ပံပညာဆိုင်ရာ ကျွမ်းကျင်သူတွေက Tom Cruise ကို သူ့ရဲ့ သမီး Suri နဲ့ခွဲထားချင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Suri ရဲ့ မိခင်ဖြစ်တဲ့ Katie Holmes ဟာ ဘုရားကျောင်းနဲ့ဆန့်ကျင်ခဲ့တဲ့ အတွက် Suri ဟာလည်း ပြဿနာ အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်တယ်လို့လည်း သိရပါတယ်။

"တွန်ခရုစ် ဟာ ဆူရီလေးနဲ့ နေ့စဉ်ဘ၀ နေ့ရက်တွေထဲမှာ ပါဝင်ပတ်သက်ခွင့်မရပါဘူး။ ကေတီဟုမ်းစ် ဟာလည်း မိခင်ကောင်းတစ်ယောက် ရဲ့ တာဝန်တွေ မကျေနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူမရဲ့ ဖခင်နေရာမှာတော့ အစားထိုးခဲ့ခြင်းမရှိသေးပါဘူး" လို့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ Tom Cruise ဟာ သူ့ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကြောင့် သမီးဖြစ်သူ Suri မတွေ့ရတာ ၁ နှစ်လောက်ရှိပြီလို့ ဆိုထားခဲ့ဖူးပါတယ်။ Tom Cruise ကို ဝေဖန်သူတွေကတော့ သူဟာ ၂၀၁၂ မှာ Katie Holmes နဲ့ ကွာရှင်းစဉ်က Suri ကို စွန့်ပစ်ခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလတုန်းက Hollywood Life ဆိုတဲ့ သတင်းဌာနက Tom Cruise ဟာ နှစ်စဉ် Katie Homes ကို ဒေါ်လာ ၄ သိန်းထောက်ပံ့နေတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse