Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift နဲ့ Calvin Harris တို့ တိတ်တခိုး လက်ထပ်ဖို့ စီစဉ်နေကြတာလား?

Taylor Swift နဲ့ Calvin Harris တို့ တိတ်တခိုး လက်ထပ်ဖို့ စီစဉ်နေကြတာလား?

| No comment



ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဂီတပညာရှင် စုံတွဲ အဖြစ်သတ်မှတ်ခံထားရတဲ့ Taylor Swift နဲ့ Calvin Harris တို့ဟာ လက်ထပ်တော့မယ်ဆိုတဲ့ ကောလာဟလ တွေနဲ့ လအနည်းငယ် နပန်းလုံးနေခဲ့ရာကနေ အခုတစ်ခေါက် လက်ဝတ်ရတနာ ဆိုင်အနားမှာ အတူတွေ့လိုက်ရတဲ့အတွက် သူတို့ တစ်ကယ် လက်ထပ်တော့မယ်လို့ ယုံကြည်စရာတွေ ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာလတုန်းက စကော့တလန် နိုင်ငံသား DJ တစ်ယောက် ဖြစ်တဲ့ Calvin Harris ဟာ Beverly Hills မှာရှိတဲ့ XIV Karats ဆိုတဲ့ လက်ဝတ်ရတနာ ဆိုင်နားမှာ တွေ့ခဲ့ရပါတယ်။ ဒါကို ကြည့်ပြီး အသက် ၃၁ နှစ်အရွယ် Calvin Harris ဟာ Taylor Swift ရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းတော့မယ်လို့ ကောလာဟလ တွေထွက်ပေါ်လာပြန်ပါတယ်။

Calvin Harris နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် တစ်ဦးက OK! မဂ္ဂဇင်းရဲ့ အမေရိကန် ဗားရှင်းကို ပြောပြခဲ့တာကတော့ Taylor Swift အတွက် ထူးထူးခြားခြား ဖြစ်စေမယ့် လက်ဆောင်တစ်ခုကို ၀ယ်ယူနေခဲ့တာပါလို့ ဆိုထားဖူးပါတယ်။

Taylor Swift ကိုယ်တိုင်ကလည်း သူမအနေနဲ့ Calvin Harris နဲ့အတူ အချစ်ရေးကို နောက်တစ်ဆင့် တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီ လို့ ဆိုထားပြန်ပါတယ်။ နှစ်ယောက်လုံးရဲ့ သူငယ်ချင်း Ellie Goulding က တစ်ဆင့် တွေ့ဆုံရင်းနှီးခဲ့ကြတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဂီတပညာရှင် စုံတွဲဟာ နေရာ တစ်ခုကိုလည်း အတူတကွ ၀ယ်ယူထားပြီးပြီ လို့ သိရပါတယ်။

နောက်လ ထဲမှာ မိဘချင်း တွေ့ဆုံပေးတော့မယ်လို့လည်း ဆိုထားတဲ့ taylor Swift ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဟောလီးဝုဒ်မင်းသမီး Jennifer Aniston နဲ့လည်း သွားရောက်တွေ့ဆုံပြီး တိုင်ပင် စကားပြောခဲ့ပါတယ်တဲ့။ ဖြစ်နိုင်ချေရှိတာကတော့ Jennifer Aniston ဟာ Justin Theroux နဲ့ တိတ်တခိုး လက်ထပ်ပွဲ ကျင်းပခဲ့တဲ့အတွက် Taylor Swift ဟာလည်း အတွေ့အကြုံတွေ သွားရောက်မေးမြန်းတာ လည်း ဖြစ်နိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror