Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူငယ်ချင်းတွေဟာ သူမ ကို လှေကားထစ်သဖွယ်နင်းတက်ဖို့ မကြိုးစားကြဘူးဆိုတဲ့ Taylor Swift

သူငယ်ချင်းတွေဟာ သူမ ကို လှေကားထစ်သဖွယ်နင်းတက်ဖို့ မကြိုးစားကြဘူးဆိုတဲ့ Taylor Swift

| No comment




ကန်းထရီး အဆိုတော်မလေး  Taylor Swift ဟာ သူမရဲ့  မိန်းကလေး ဘ၀ လုပ်ငန်းတာဝန် တွေနဲ့ သူမ ဘ၀ ထဲကို ၀င်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး သတိထားခဲ့ရတဲ့ အကြောင်းတွေကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။

သူမက သြစတြေးလျ နိုင်ငံထုတ် Vogue မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ သူမဟာ သူငယ်ချင်းတွေကို ဂရုစိုက် ရွေးချယ်လေ့ရှိပြီး ထို သူငယ်ချင်းတွေဟာလည်း သူမကို အသုံးချသွားမယ်သူတွေလို့ မယုံကြည်ထားကြောင်းကို ပြောပြခဲ့ပါတယ်။

ကျွန်မရဲ့  အဓိက ပန်းတိုင်တွေထဲက တစ်ခုဟာ ကိုယ်ပိုင်ဘ၀ ရပ်တည်မှု ကိုယ်စီရှိကြတဲ့ သူငယ်ချင်းတွေ ကျွန်မကို ၀န်းရံထားတဲ့ အမှန်တရား ရဲ့  အရသာ ပါ။ အဲဒီသူငယ်ချင်းတွေဟာ လူမှုရေးအရ လှေကားထစ် လို နင်းတက်သွားဖို့ ကျွန်မကို မလိုအပ်ကြပါဘူး လို့ Taylor Swift က ဆိုပါတယ်။

သင့်ရဲ့  သူငယ်ချင်းတွေဟာ သင့် ရဲ့  ခင်မင်မှု မှာ ရိုးသားမှု ရှိဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရပါမယ် လို့ ဆိုခဲ့တဲ့ Taylor Swift က သူမရဲ့  သူငယ်ချင်းတွေအကြောင်းပြောပြရာမှာ Selena Gomez ၊ Lena Dunham ၊ Cara Delevinge ၊ Karlie Kloss ၊ Gigi Hadid နဲ့ Lorde တို့ကို ရည်ညွှန်းသွားခဲ့ပါတယ်။

သူမရဲ့  အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကတော့ သူမရဲ့  နောက်ဆုံးထုတ်ထားတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ 1989 အတွက် ကမ္ဘာအနှံ့ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်တွေကို မကြာသေးမီကပဲ ကျင်းပပြီးစီးသွားခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse