Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စာသင်ကျောင်း ၂၅ ကျောင်းအတွက် စာအုပ်အသစ် ၂ သောင်းခွဲ ကို Taylor Swift လှုဒါန်း

စာသင်ကျောင်း ၂၅ ကျောင်းအတွက် စာအုပ်အသစ် ၂ သောင်းခွဲ ကို Taylor Swift လှုဒါန်း

| No comment




ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အဆိုတော် အဖြစ် သတ်မှတ်ခံထားရတဲ့ Taylor Swift ဟာ နယူးယော့ခ်မြို့တော်က စာသင်ကျောင်း ၂၅ ကျောင်းကို သင့်တော်တဲ့ စာအုပ် အသစ် ၂၅၀၀၀ အုပ် ကို လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

ထို လှုဒါန်းမှုဟာ Taylor Swift အထောက်အပံ့ပေးနေတဲ့ "စာသင်ကျောင်းဆိုင်ရာ ဖြစ်နိုင်ခြေရှိတဲ့ ရန်ပုံငွေ" အဖွဲ့ က ဆောင်ရွက်နေတဲ့ ကလေးငယ်တွေ အမှီအခိုကင်းမဲ့တဲ့ စာပေဖတ်ရှုရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေသော "ဖြစ်နိုင်ခြေရှိတဲ့ကမ္ဘာတစ်ခုဖွင့်လှစ်ခြင်း" ဆိုတဲ့ အစီအစဉ် ရဲ့ ရလဒ် ပဲ ဖြစ်ပါတယ်။

"စာသင်ကျောင်းဆိုင်ရာ ရန်ပုံငွေ အဖွဲ့ဟာ Taylor Swift နဲ့ ပူးပေါင်းပြီး စာအုပ်တွေဟာ ကလေးတစ်ယောက် ရဲ့ ဘ၀ မှာ ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိတယ်ဆိုတာ ပြသခွင့်ရတာကို ဂုဏ်ယူပါတယ်။" လို့ ထို အဖွဲ့အစည်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Greg Worrell က ဆိုပါတယ်။

"ဒီလှုဒါန်းမှု ကတဆင့် ၊ နယူးယော့်ခ် က ကလေးငယ်တွေကို အကောင်းဆုံး စာအုပ်တွေကို ဖတ်ရှုခွင့်ပေးပြီး သင်ကြားမှု ကို မြတ်နိုးခြင်းနဲ့ ဖြစ်နိုင်ခြင်းရှိတဲ့ ကမ္ဘာတစ်ခုကို ဖွင့်လှစ်နိုင်ဖို့အတွက် အမှီအခိုကင်းတဲ့ စာပေဖတ်ရှုခြင်း တစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ ရည်ရွယ်ခဲ့ပါတယ်" လို့လည်း Greg Worrell က ပြောပြခဲ့ပါသေးတယ်။

"ကျွန်မတို့ဟာ ထို စာအုပ်တွေ ရရှိလာဖို့ တစ်ကယ်မျှော်လင့်ထားပြီး အဲဒီစာအုပ်တွေကို ကျွန်မတို့ ကျောင်းက စာကြည့်တိုက်မှာ ပေါင်းလိုက်ရင် ကျောင်းသားတွေအားလုံးဟာ စာအုပ်များစွာ ကို ရယူဖတ်ရှုနိုင်တော့မှာပါ" လို့ Manhattan မြို့က Juan Pablo Duarte ကျောင်းမှာရှိတဲ့ ကျောင်းအုပ်ကြီး Nova Xiomara က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi