Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Hunger Games ဇာတ်ကားတွေက သူမရဲ့ဘဝပါလို့ ပြောလိုက်တဲ့ Jennifer Lawrence

The Hunger Games ဇာတ်ကားတွေက သူမရဲ့ဘဝပါလို့ ပြောလိုက်တဲ့ Jennifer Lawrence

| No comment





The Hunger Games ရုပ်ရှင်ကားတွေနဲ့ အတော်လေးကို အောင်မြင်မှုတွေ ရရှိလာတဲ့ မင်းသမီးချော Jennifer Lawrence ဟာ သူ့ကို အောင်မြင်မှုတစ်နေရာကို တွန်းတင်ပေးခဲ့တဲ့ The Hunger Games ရုပ်ရှင်ကားတွေဟာ သူမရဲ့ဘဝဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ The Hunger Games ရုပ်ရှင်ထဲမှာဆိုရင် တရားမျှတမှုကို လိုလားတဲ့ မြှားပစ်ကျွမ်းကျင်သူ  Katniss Everdeen အဖြစ် သရုပ်ဆောင်ရပြီး အဲ့ဒီဇာတ်ကောင်ကြောင့်ပဲ အော်စကာဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာပါ။


သူမဟာ The Hunger Games ရုပ်ရှင်ကားတွေထဲမှာ မိမိကိုယ်ကို အသက်ရှင်ကျန်အောင် ကစားရတဲ့ ဂိမ်းတစ်ခုမှာ  Katniss Everdeen ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ရတာပါ။ အခုဆိုရင်တော့ The Hunger Games : Mockingjay – Part 2 ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာဗြိတိန်နိုင်ငံမှာ  စတင်ရုံတင်ပြသသွားမှာပါ။ Mockingjay – Part 1 ထဲမှာတော့ Katniss ရဲ့ ဘဝအကြောင်းကို အသားပေးရိုက်ကူးခဲ့ပေမယ့်  Part 2 မှာတော့ သူကိုယ်တိုင်ဦးဆောင်ပြီး တရားမမျှတတဲ့ အစိုးရကို ခေတ်ပြောင်းတော်လှန်ရေးဖို့  လုပ်ဆောင်တဲ့ ပုံသဏ္ဍာန်မျိုးကို ထင်ဟပ်ထားတယ်လို့ သိရပါတယ်။


The Hunger Games ဇာတ်ကားတွေဟာ ၂၀၁၂ ခုနှစ်ကနေ စတင်ထွက်ရှိခဲ့ပြီး သူတို့ဇာတ်ကားတွေဟာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂ ဘီလျံလောက်ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။  ၂၀၁၅ အတွက်  Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့  ဝင်ငွေအကောင်းဆုံး အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ Jennifer က ဝင်ငွေ ဒေါ်လာ ၅၂ သန်းအထိရရှိပြီး ရပ်တည်နေနိုင်တယ်လို့သိရပါတယ်။ သူမဟာ ဒီလို အောင်မြင်မှု အရှိန်အဝါကြီးမားတဲ့ ရုပ်ရှင်ကားကြီးမှာ အဓိက ဇာတ်ကောင်လို ဖြစ်နေခဲ့တာက သူမကို ဝင်ငွေတွေ ရစေခဲ့တဲ့ အကြောင်းရင်းတစ်ချက် ဖြစ်ပါဘိမ့်မယ်။ " Katniss Everdeen ဟာ ကျွန်မဘဝပါပဲ။အဲ့ဒီ ဇာတ်ကောင်နေရာကနေ ကျွန်မ စွန့်ခွာမသွားနိုင်သေးဘူး ။ သူမဟာ ကျွန်မရဲ့ ဘဝပါပဲ " လို့ Lawrence က ပြောပြခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail