Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပဲရစ်မြို့ အတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ မိတ်ဆွေ Thoma Ayad ကို Justin Bieber အမှတ်တရဂုဏ်ပြု

ပဲရစ်မြို့ အတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ မိတ်ဆွေ Thoma Ayad ကို Justin Bieber အမှတ်တရဂုဏ်ပြု

| No comment



Justin Bieber ဟာ သောကြာနေ့ ညက ပဲရစ်မြို့ တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ သူ့ ရဲ့မိတ်ဆွေကောင်း တစ်ဦး ဖြစ်သူ Thomas Ayad ကို အမှတ်တရဂုဏ်ပြုကြောင်း သူ့ ရဲ့ Twitter စာမျက်နှာမှာ တနလာင်္နေ့ က ရေးသား ခဲ့ပါတယ်။

Universal Music Group ရဲ့ အလုပ်အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ Thomas ဟာ Eagles of Death Metal ရဲ့ Bataclan ဖျော်ဖြေပွဲရုံမှာ ပစ်သတ်ခံခဲ့ရတဲ့ ၈၉ ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ကြောင်း အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

“ ပဲရစ်မြို့ နဲ့ ဒီအဖြစ်ဆိုးကြီးမှာသေဆုံးခဲ့ရတဲ့ ကျွန်တော့်မိတ်ဆွေ Thomas အကြောင်းကို တွေးမိနေတုန်းပါပဲ။ ကျွန်တော့်အဖွဲ့ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူ နှစ်ပေါင်းများစွာရှိနေခဲ့ပြီး သူ့ ကို ကျေးဇူးတင်ကြောင်း ပြောဖို့ အချိန်တွေပိုရှိခဲ့ရင်ကောင်းမှာပဲ” လို့ Justin Bieber က ရေးသားခဲ့ပါတယ်။

“ သူတို့ တွေ ကိုယ့်ဘ၀မှာရှိတုန်း တန်ဖိုးထားတတ်ကြပါစေ။ ခင်ဗျား ကျွန်တော့်အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Thomas ။ ခင်ဗျားကို ကျေးဇူးတင်၊လွမ်းဆွတ်နေမှာပါ။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ၀မ်းနည်း၊စာနာမိပါတယ်” လို့ Justin Bieber က ရေးသားထားပါတယ်။

Justin Bieber ဟာ ပဲရစ်မြို့ အဖြစ်အပျက်ဖြစ်ပွားပြီးနောက်၊ စနေ့ နေ့ မှာ HALO Hall of Fame ဆုကို New York မြို့ မှာ လက်ခံရယူခဲ့ပြီး၊ ဆုလက်ခံရရှိတဲ့ကျေးဇူးတင်စကားမှာ ISIS အကြမ်းဖက်သမားတွေကြောင်း ပဲရစ်မြို့ မှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ဂုဏ်ပြုကြောင်း အလေးထားစာနာကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail