Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကမ္ဘာကျော် အတွင်းခံ နဲ့ အလှကုန် အမှတ်တံဆိပ် Victoria's Secret ရဲ့ ဖက်ရှင်ရှိုး ကျင်းပ

ကမ္ဘာကျော် အတွင်းခံ နဲ့ အလှကုန် အမှတ်တံဆိပ် Victoria's Secret ရဲ့ ဖက်ရှင်ရှိုး ကျင်းပ

| No comment





ကမ္ဘာကျော် အတွင်းခံ နဲ့ အလှကုန် အမှတ်တံဆိပ် Victoria's Secret ရဲ့ ၂၀၁၅ ခုနှစ်အတွက် ဖက်ရှင် ရှိုး ကို အင်္ဂါနေ့က နယူးယော့်ခ် မြို့မှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲမှာတော့ ကမ္ဘာ့အလှဆုံး မော်ဒယ်လ် လေးတွေက ဖက်ရှင် ရှိုးအဖြစ် Victoria's Secret ရဲ့ ထုတ်ကုန် တွေကို ပြသခဲ့ကြပါတယ်။




ထို ပွဲကို ပွဲဦးထွက် စတင်ပေးခဲ့သူကတော့ Kendall Jenner ပဲ ဖြစ်ပါတယ်။ သူမရဲ့ ရှိုး ပြသမှုဟာလည်း ပရိတ်သတ်တွေအားလုံးကို ငေးမောစေခဲ့ပါတယ်။ တောင်အာဖရိက အလှမယ်လေး Candice Swanepoel ကလည်း ကာလာစုံ အတွင်းခံတွေကို ၀တ်ဆင်ပြသခဲ့ပြန်ပါတယ်။ Candice ရဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Lily Aldridge ကတော့ ဒီနှစ်အတွက် ဒေါ်လာ ၂ သန်းတန် အံ့ဖွယ် အတွင်းခံကို ၀တ်ဆင်ပြသခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေရေးတွေအနေနဲ့ကတော့ Rihanna အစား Ellie Goulding က အစားဝင်လာပြီး The Weekend နဲ့ Selena Gomez တို့ကတော့ မော်ဒယ်လ် တွေလမ်းလျှောက်နေချိန်မှာ ဘေးကနေ သီချင်းဆို ဖျော်ဖြေပေးခဲ့ပါတယ်။

မော်ဒယ်လ် မလေး Gigi Hadid ကတော့ အစိမ်းရောင် အတွင်းခံကို အစိမ်းရောင်တောင်ပံတွေနဲ့အတူ လိပ်ပြာ ပုံစံ ပွဲထွက်လာပါတယ်။ အဲဒီနောက်မှာတော့ Kendall Jenner က သူမရဲ့ သူငယ်ချင်းမလေးတွေနဲ့အတူ နောက်တစ်ကြိမ် ပွဲထွက်လာခဲ့တယ်လို့လည်း သိရပါတယ်။







( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror