လတ်တလော ဒေ၀ါလီ ခံသွားရလို့ ရေပန်းစားသွားခဲ့တဲ့ ရက်ပ်အဆိုတော် 50 Cent ရဲ့  ရည်းစားဟောင်း ဖြစ်သူ မော်ဒယ်လ်မလေး Daphne Joy ဟာ ကမ်းခြေ က ဘစ်ကနီ ဓါတ်ပုံတွေနဲ့ အတူ 50 Cent ကို နှမြောတသ ပြန်လည် ဖြစ်စေခဲ့ပါပြီ။
Daphne Joy ဟာ 50 Cent နဲ့အတူ ၃ နှစ်အရွယ် ကလေး Sire ကို မွေးဖွားခဲ့သူပါ။
သူမဟာ ပြီးခဲ့တဲ့ လ တုန်းကတော့ R&B အဆိုတော် Jason Derulo နဲ့ တွဲနေတဲ့အကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ မှာလည်း 50 Cent ဟာ Daphne Joy ကို လော့အိန်ဂျလိစ် မြို့ ကနေအိမ်မှာ ကန်ကြောက်ခဲ့တယ်ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက် နဲ့ အမှု ရင်ဆိုင်ခဲ့ရပါတယ်။ ထို စွပ်စွဲချက်ကြောင့် 50 Cent ဟာ Daphne Joy နဲ့ အနည်းဆုံး ကိုက် ၁၀၀ အကွာမှာ သာ နေထိုင်ရမယ်လို့ အမိန့်ချမှတ်ခံခဲ့ရပြီးတဲ့နောက် သူတို့ ၂ ယောက်ဟာ လမ်းခွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။
အခုတော့ သူမဟာ မိုင်ယာမီ ကမ်းခြေမှာ 50 Cent နှမြောတသ ဖြစ်စေမယ့် ခန္ဓာကိုယ် ကောက်ကြောင်းတွေကို ဖော်ပြလိုက်ပြန်တာပဲ ဖြစ်ပါတယ်။ 50 Cent တစ်ယောက် Jason Derulo ကို မနာလို ဖြစ်နေတော့မယ်ဆိုတာတော့ သေချာပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : TMZ