Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒေ၀ါလီခံရပြီးနောက် လအနည်းငယ်အကြာမှာ ရေခဲသေတ္တာထဲ ပိုက်ဆံအုပ်လိုက်ဖြည့်ပြခဲ့တဲ့ 50 Cent

ဒေ၀ါလီခံရပြီးနောက် လအနည်းငယ်အကြာမှာ ရေခဲသေတ္တာထဲ ပိုက်ဆံအုပ်လိုက်ဖြည့်ပြခဲ့တဲ့ 50 Cent

| No comment



ဂျူလိုင်လတုန်းက ဒေ၀ါလီခံလိုက်ရကြောင်း ကြေငြာခဲ့တဲ့ 50 Cent ဟာ ရေခဲသေတ္တာအကန့် ထဲ ပိုက်ဆံတွေ အပုံလိုက်ဖြည့်ပြပြီး ကြွားလုံးထုတ်ခဲ့ပါတယ်။

Rapper 50 Cent ဟာ မကြာသေးမီက Instagram မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာ ကင်မရာသမားတစ်ယောက်ကို သူ့  မီးဖိုချောင်အနှံ့ လျှောက်ပြပြီး၊ နောက်ဆုံးမှာ ရေခဲသေတ္တာကို ဖွင့်ပြကာ ရေခဲသေတ္တာအတွင်းထည့်ထားတာ တွေကို လှစ်ဟပြလိုက်ပါတယ်။

ပရိတ်သတ်တွေအထင်တော့ အစားအသောက်တွေနဲ့ ဝိုင်ပုလင်းတွေရှိမယ်လို့ ထင်ပေမယ့်၊ ဒါဟာ သူ့ ရဲ့ လှို့ ဝှက် ဘဏ်တိုက်ကြီးဖြစ်နေမယ်လို့ တော့ မထင်မိခဲ့ကြပါဘူး။

Fiddy (50 Cent) ဟာ ရေခဲသေတ္တာအကန့် ထဲမှာ မရေမတွက်နိုင်အောင်များတဲ့ဒေါ်လာငွေစက္ကူတွေကို တစ် အုပ်ပေါ်တစ်အုပ်ဆင့်ထားပြီး screenshot ပုံမှာ ‘ ပိုက်ဆံအုပ်နည်းနည်းနဲ့ Effen Vodka တစ်ပုလင်းလောက်တော့ သိမ်းထားရမယ်။ ပျော်ရွှင်စရာအားလပ်ရက်ပါ။ #EFFENVODKA #FRIGO #SMSAUDIO ဆိုပြီး ပုံမှာစာရေးသားခဲ့ပါတယ်။

ဗီဒီယိုအဆုံး အနီးကပ်ရိုက်ကူးချက်မှာတော့ 50 Cent ဟာ ချိစ်တစ်တုံးကို တမြုံ့မြုံ့ လုပ်ပြီး ဗီဒီယိုကို အဆုံးသတ်လိုက်ပါတယ်။ 50 Cent တစ်ယောက် သူ့ ရဲ့ ကြွယ်ဝမှုကို ကြွားလုံးထုတ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အောက်တိုဘာလတုန်းကလည်း သူ့ ရဲ့ Instagram စာမျက်နှာမှာ ပိုက်ဆံတွေနဲ့ လူးလိမ့်နေပုံကို ကို ဗီဒီယိုရိုက်တင်ခဲ့ပါသေးတယ်။

ပွဲဦးထွက်အယ်ဘမ်နာမည်ကိုက Get Rich or Die Tryin လို့ ပေးခဲ့တဲ့ 50 Cent ဟာ သူ့ ရဲ့ အိပ်ရာမှာ ပြန့် ကျဲနေတဲ့ ၁၀၀ တန်ဒေါ်လာစက္ကူတွေကြောင့် သူ့ ခြေထောက်တွေကိုတောင် မမြင်ရတော့ဘူးလို့  ဟာသလုပ်ပြောခဲ့ပါသေးတယ်။ 50 Cent ဟာ အရင်တုန်းက ခန့် မှန်းခြေ ဒေါ်လာ သန်း ၁၅၀ လောက် ချမ်းသာခဲ့ဖူးပြီး အခုအခါမှာတော့ အကြွေး ဒေါ်လာ ၂၈ သန်းလောက် တင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror