Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Adele ရဲ့ “Hello” တေးသီချင်းဟာ U.S Record စာရင်းမှာ ၇ ပတ်တိတိ နံပါတ်တစ်နေရာမှာ ရပ်တည်နေ

Adele ရဲ့ “Hello” တေးသီချင်းဟာ U.S Record စာရင်းမှာ ၇ ပတ်တိတိ နံပါတ်တစ်နေရာမှာ ရပ်တည်နေ

| No comment



Adele ရဲ့ “Hello” သီချင်းဟာ ခုနှစ်ပတ်တိတိ နံပါတ်တစ်နေရာချိတ်ဆွဲနေကြောင်း Billboard.com က ကြေညာပါတယ်။

ဗြိတိန်အဆိုတော် Adele ရဲ့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Rolling in the Deep” သီချင်းလိုပဲ ဒီတစ်ခေါက် “Hello” ဟာလည်း ၇ ပတ်တိတိ နံပါတ်တစ်နေရာမှာ ရပ်တည်ပြီး အောင်မြင်မှုရနေပါတယ်။

Billboard Hot 100 မှာ ဒုတိယမြောက် သီချင်းကတော့ Jsutin Bieber ရဲ့ “Sorry” ၊ Drake ရဲ့ “HotLine Bling” က တတိယ၊ Bieber ရဲ့ “ What Do You Mean?” နဲ့ “ Love Yourself” တို့ကပဲ စတုတ္ထ နဲ့ ပဉ္စမနေရာမှာ နေရာယူထားကြပါတယ်။

The Weeknd ရဲ့ “The Hills” က နံပါတ် ၆ နေရာ၊ Shawn Mendes ရဲ့ “ Stitches” က နံပါတ် ၇၊ Alessia Cara ရဲ့ "Here" က နံပါတ် ၈၊ Selena Gomez ရဲ့ "Same Old Love" က နံပါတ် ၉၊ Meghan Trainor နဲ့  John Legend ပါဝင်သီဆိုထားတဲ့ "Like I'm Gonna Lose You" က နံပါတ် ၁၀ နေရာမှာ အသီးသီးရှိနေတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi