Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ပိုင်ဆိုင်မှုတွေခွဲဝေခဲ့ကြတဲ့ Antonio Banderas တို့လင်မယားရဲ့ အကွဲအပြဲ ဇာတ်လမ်း

ပိုင်ဆိုင်မှုတွေခွဲဝေခဲ့ကြတဲ့ Antonio Banderas တို့လင်မယားရဲ့ အကွဲအပြဲ ဇာတ်လမ်း

| No comment



ကမ္ဘာကျော် သရုပ်ောင်တွေဖြစ်ကြတဲ့ Antonio Banderas နဲ့ Melanie Griffith တို့ဟာ တရားဝင် ကွာရှင်းလိုက်ကြပြီဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ အပြီးသတ်ကွာရှင်းချက်အရ Antonio Banderas ဟာ ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားတွေဖြစ်ခဲ့တဲ့ "The Mask of Zorro" ၊ "Desperado" ၊ "Spy Kids" စတဲ့ ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးအောင်မြင်ခဲ့ပြီး ထိုရုပ်ရှင် ဇာတ်ကားတွေက ရခဲ့တဲ့ ၀င်ငွေ အားလုံးကိုတော့ Antonio Banderas က ထိန်းသိမ်းထားခဲ့ပါတယ်။

Melanie Griffith ကတော့ သူမ အရင်လုပ်ခဲ့တဲ့ အလုပ်က ရတဲ့ ၀င်ငွေတွေကို သိမ်းဆည်းထားခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ "Shrek 2" ၊ "Puss in Boots" ၊ "Machete Kills" ၊ "Expendables 3" နဲ့ အခြားဇာတ်လမ်းတွေက ရခဲ့တဲ့ ၀င်ငွေတွေကို တော့ အညီအမျှ ခွဲဝေယူခဲ့တယ်လို့လည်း သိရပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၀၄ ခုနှစ်တုန်းက သူတို့ အိမ်ထောင်ရေးရဲ့ ဘဏ္ဍာငွေ တွေကို ခွဲဝေယူဖို့ ၂ ဦးသဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ သူတို့ အတွဲဟာ ၂၀၀၄ ခုနှစ်မတိုင်ခင်အထိတော့ သူတို့ အိမ်ထောင်ရေးက ရတဲ့ ၀င်ငွေတွေကိုလည်း သီးသန့်စီ ထိန်းသိမ်းခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

Antonio အနေနဲ့ကတော့ ရှင်းရှင်းလင်းလင်းမဖြစ်ခဲ့ရှာပါဘူး။ သူဟာ အိမ်ထောင်ဦးစီး တာဝန်အတွက် တစ်လကို ဒေါ်လာ ၆၅၀၀၀ ကို ပေးရမယ်လို့ သဘောတူထားရပါတယ်။ Melanie ကတော့ Aspen ကနေအိမ်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး LA မှာရှိတဲ့ နေအိမ်ခြံဝန်းကို ရောင်းချကာ အကျိုးအမြတ်ကို ခွဲဝေယူခဲ့ကြပါတယ်။

သူတို့ လင်မယားမှာ အဖိုးတန် ပန်းချီကားတွေလည်း ပိုင်ဆိုင်ထားပြီး ပီကာဆို ရေးဆွဲတဲ့ ပန်းချီကားဖြစ်တဲ့ "The Painter and His Model" ဆိုတဲ့ ပန်းချီကားကိုတော့ Melanie က ပိုင်ဆိုင်ခွင့်ရခဲ့ပြီး Antonio ကတော့ ပီကာဆိုရေးဆွဲတဲ့ ခဲခြစ်ပန်းချီကားတစ်ကားနဲ့ Diego Rivera ရဲ့ အခြား ခဲခြစ်ပန်းချီကား တစ်ကားတို့ကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ