Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Ashton Kutcher ကို ထိုင်းအနှိပ်ခန်းထဲက ထွက်လာတာ တွေ့ခဲ့ရ

Ashton Kutcher ကို ထိုင်းအနှိပ်ခန်းထဲက ထွက်လာတာ တွေ့ခဲ့ရ

| No comment





ဟောလီးဝုဒ်မင်းသမီး Mila Kunis နဲ့အတူ သမီးလေး တစ်ယောက်ကိုမွေးဖွားထားတဲ့ ဟောလီးဝုဒ်မင်းသား Ashton Kutcher ဟာ ပြီးခဲ့တဲ့ အပတ်က လော့အိန်ဂျလိစ်မြို့ မှာရှိတဲ့ ထိုင်းအနှိပ်ခန်း တစ်ခုမှ ထွက်လာတာကိုတွေ့ လိုက်ရပါတယ်။

သတင်းဖော်ပြချက်တစ်ခုအရတော့ ထို အနှိပ်ခန်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ နှိပ်နယ်ခြင်း(massage) ကဏ္ဍ ပြီးဆုံးတဲ့အခါ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Ashton Kustcher ဟာ ထို နောက်ဆက်တွဲ အပျော်ရှာမှုတွေမှာ ပါဝင်ပတ်သက်နေသလားဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

အသက် ၃၇ နှစ်အရွယ် Ashton နဲ့ အသက် ၃၂ နှစ်အရွယ် Mila တို့ ဇနီးမောင်နှံဟာ အပြင်ထွက်လေ့သိပ်မရှိသလို၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက သူတို့ရဲ့ သမီးလေး Wyatt Isabelle ကို မွေးဖွားပြီးကတည်းက သတင်းမီဒီယာတွေမှာ ဖော်ပြခံရခြင်း သိပ်မရှိတော့ပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror