Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , , လက်နက်ကိုင် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ အိုဘားမား နဲ့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှု

လက်နက်ကိုင် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ အိုဘားမား နဲ့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှု

| No comment



ဟောလီးဝုဒ် အကျော်အမော်တွေဖြစ်ကြတဲ့ Amy Schumer ၊ Jennifer Aniston ၊ Sofia Vergara နဲ့ Julianne Moore တို့ဟာ ဒီတစ်ပတ် အမေရိကန် သမ္မတ အိုဘားမားနဲ့အတူ သေနတ်ကိုင် အကြမ်းဖက်မှု ကိုဆန့်ကျင်တဲ့ စကားပြောအစီအစဉ်မှာ ပါဝင်လာခဲ့ာကပါတယ်။

ပြီးခဲ့တဲ့ အပတ် က လက်နက်ကိုင်တွေရဲ့ လက်ချက်လို့ မှတ်ယူနိုင်တဲ့ ၊ လူဦးရေ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက်ဒဏ်ရာ ရခဲ့ရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ ဆန်ဘာနာဒီနို မြို့က သေနတ် ပစ်ခတ် အကြမ်းဖက်မှု ဖြစ်အပြီးမှာ "လက်နက်ကိုင်အကြမ်းဖက်မှုကိုငါတို့ရပ်တန့်နိုင်တယ်" လို့ အဓိပ္ပာယ်ရတဲ့ PSA လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

အခြား အနုပညာရှင်တွေဖြစ်ကြတဲ့ Sarah Silverman ၊ Nathan Lane ၊ Debra messing ၊ Kevin Bacon ၊ Michael J. Fox ၊ Olivia Munn နဲ့ Kristen Schaal တို့ဟာလည်း ရင်နင့်ဖွယ် မက်ဆေ့ဂ်ျတွေနဲ့အတူ နယူတန်မြို့က Sandy Hook ကျောင်း အကြမ်းဖက်ခံရမှု နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ  "လက်နက်ကိုင်အကြမ်းဖက်မှုကိုငါတို့ရပ်တန့်နိုင်တယ်"  ဆိုတဲ့ လှုပ်ရှားမှုအတွက်ပါဝင်ခဲ့ကြပါတယ်။

"ငါတို့အတူရှိနေတဲ့အခါ အမေရိကန်နိုင်ငံသားတွေဟာ ဘာမဆို လုပ်နိုင်ကြပါတယ်" လို့ အမေရိကန် သမ္မတ အိုဘားမားက ဆိုပါတယ်။

ထို လှုပ်ရှားမှုကို တစ်ငခဲ့တာကတော့ Everytown for Gun Safety ဆိုတဲ့ လူမှု အဖွဲ့အစည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် ဆန်ဘာနာဒီနို မြို့က တိုက်ခိုက်မှု ပါဝင်ခဲ့သူတစ်ဦးဟာ ISIS အဖွဲ့နဲ့ ပတ်သက်နေတာကို သိရှိပြီးတဲ့နောက်မှာ အိုဘားမားဟာ အစွန်းရောက်အကြမ်းဖက်သမားတွေ နဲ့ စစ်ပွဲ ဗျူဟာကို ပြောင်းလဲလိုက်ပြီဒ အီရတ်နဲ့ ဆီးရီးယားတို့မှာ မြေပြင်တိုက်ခိုက်ရေးသမားတွေ စေလွှတ်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အိုဘားမားဟာ အမေရိကန်မှာ ရှိနေတဲ့ မူဆလင်တွေကိုတော့ အကြမ်းဖက်သမားတွေအဖြစ် မသတ်မှတ်ကြဖို့လည်း နှိုးဆော်ထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail